Tuesday, July 1, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာယီရဲကင်း ၄၂ ခု ထပ်မံ ဖွင့်လှစ်၍ လုံခြုံရေး တိုးမြှင့် 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာယီရဲကင်း ၄၂ ခုအထိ ထပ်မံဖွင့်လှစ်ကာ လုံခြုံရေး တိုးမြှင့်ဆောင် ရွက် ထားရှိကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြော ကြား ချက်အရ သိရသည်။
အဆိုပါ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး၌ ယာဉ်တိမ်း မှောက်မှုများ၊ ယာဉ်မီးလောင်မှု များနှင့် ယာဉ်များအား လုယက်ရန် ကြံစည်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ယင်းအတွက် လုံခြုံရေး အရတိုးမြှင့် ချထားခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ယာဉ်မောင်းများကို အမြန်လမ်း ရဲစခန်း ၁၅ ခုတွင် အရက် မူးတိုင်းကိရိယာ ၃ဝ ဖြင့် တိုင်းတာ၍ ပြစ်မှုကျူးလွန် သူများကို စစ်ဆေး အရေးယူလျက် ရှိကြောင်း သိရသည်။
ယာယီ ရဲကင်းများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ထားရာတွင် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေး တိုင်း ဒေသကြီးသို့ ဖြတ်သန်း ဖောက်လုပ်ထားသည့် ၃၆၆ မိုင် ၃ ဖာလုံရှည် လျားသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ဖြစ်ပြီး ယာဉ်လုယက်မှုများ မရှိစေရေး အတွက် နေ့၊ ညမပြတ်လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားပါက အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် လူနာတင် ယာဉ်များနှင့် ဆရာဝန်များ၊ ကျွမ်းကျင် သူနာပြုများကို မိုင် ၄ဝ အပိုင်း အခြားလိုက် ထားရှိနိုင်ရန်လည်း ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။
ယခုအခါ သတ်မှတ်မိုင် နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်များကို အရှိန်တိုင်း ကိရိယာဖြင့် စစ်ဆေး အရေး ယူလျက်ရှိရာ ၂၆၅၉ စီးကို အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင် စက်ဘီးနှင့် မော်တော် ဆိုင်ကယ်များကို စစ်ဆေးအရေး ယူရာတွင် ၅၁၄၁ စီးအထိ အရေးယူ ထားပြီး ကျွဲ၊ နွား ဖြတ်သန်း သွားလာမှုများနှင့် ပတ်သက်၍ အမြန်လမ်း ရဲတပ်ဖွဲ့မှ ၁၆၃ မှုကို အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top