အီဘိုလာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ကြတော့မည့် အာဖရိကနိုင်ငံများ
ဂါနာမှာ ပြုလုပ်ခဲ့သည့် အစည်းဝေးပွဲအတွင်း အာဖရိကနိုင်ငံတွေက ၀န်ကြီးတွေဟာ
အီဘိုလာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို မဟာဗျူဟာချမှတ်ပြီးတိုက်ဖျက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြီးမှူးပြီး ဂါနာမှာ ကျင်းပခဲ့သည့် (၂)ရက်ကြာ
ဆွေးနွေးပွဲ အတွင်း အာဖရိကနိုင်ငံတွေက ၀န်ကြီးတွေဟာ
အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို မဟာဗျူဟာ ချမှတ်ပြီး တိုက်ဖျက်ဖို့ သဘောတူညီခဲ့ကြပါတယ်။
ချမှတ်လိုက်တဲ့ နည်းဗျူဟာ အသစ်အရ ဂါနာနိုင်ငံမှာ
ဒေသတွင်းရောဂါထိန်းချုပ်ရေးစင်တာဖွင့်လှစ်ဖို့နဲ့
နည်းပညာထောက်ပံ့မှုတွေ လုပ်ဆောင် ပေးဖို့ ဆိုတဲ့အချက်တွေလည်းပါဝင်ပါတယ်။
လတ်တလောဂီ နီနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ပိုး
ကူးစက်ခံရသူ(၇၅၉)ဦးရှိနေပြီး လိုက်ဘေးရီးယားနဲ့ ဆီးရီးယားလီအွန်း မှာတော့
ဗိုင်းရပ်စ်ပိုးကူးစက် ခံရသူတွေထဲက (၄၆၇)ယောက်ကတော့
သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ အတွက်WHOဟာ
ကျွမ်းကျင်လုပ်သား(၁၅၀)ကျော်ကို အနောက် အာဖရိကနိုင်ငံကို စေလွှတ်
ပြီးဖြစ်ပေမယ့် ဂီနီနိုင်ငံ ဂူဂဲဒုဒေသမှာတော့ အသေအပျောက်နှုန်းနဲ့
ကူးစက်မှုနှုန်းကတော့ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ လက်္ခဏာတွေ အနေနဲ့
ကိုယ်ပူချိန်မြင့်မားခြင်း၊ သွေးယိုစီးခြင်းနဲ့
ဗဟိုအာရုံကြောစနစ်တွေပျက်စီးခြင်းတွေ ဖြစ်နိုင်ပြီး ဒေသတွင်း
ရိုးရာယုံကြည်မှုတွေနဲ့ ဓလေ့တွေ က ရောဂါထိန်းချုပ်မှုကို အဟန့်အတား
ဖြစ်နေစေတယ်လို့ WHO ရဲ့ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ
လက်ထောက်ညွှန်ကြားရေးမှူးချုပ် ““ခိုက်ဂျီဖူဂူဒါ””က ပြောကြားထားပါတယ်
No comments:
Post a Comment