Tuesday, July 1, 2014

ကမ္ဘာ့အလွှမ်းမိုးဆုံး အနုပညာရှင် အဖြစ် ဘီယွန်းစေးအား Forbes မဂ္ဂဇင်း ရွေးချယ်

ကမ္ဘာကျော် မဂ္ဂဇင်းတစ်ခု ဖြစ်သည့် Forbes မဂ္ဂဇင်းက ကမ္ဘာလှည့် ဖျော်ဖြေပွဲကြီး ကို အောင်မြင် စွာ ပြုလုပ်နိုင်ခဲ့ပြီးတေးအယ်လ်ဘမ် များနှင့် ကြော်ငြာများစွာတွင် အောင်မြင်မှုများစွာ သိမ်းပိုက်ထားသည့် ဘီယွန်းစေး အား ယခုနှစ်၏ လွှမ်းမိုးမှု အရှိဆုံး ဂီတ အနုပညာရှင် အဖြစ် ရွေးချယ် ခဲ့ကြောင်း သိရသည်။

ဘီယွန်းစေးသည် ဖျော်ဖြေပွဲကြီး ၉၅ ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖျော်ဖြေပွဲ တစ်ပွဲစီမှ    အနု ပညာကြေး အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်းကို ရရှိခဲ့သူ ဖြစ်သည်။ ထို့ပြင် သူမပိုင်ဆိုင်သော Pepsi ရေမွှေးနှင့် H & M အဝတ်အထည် ကုမ္ပဏီသည်လည်း အောင်မြင်မှု များစွာ ရရှိခဲ့သည်။
ထို့ပြင် ဘီယွန်စေးသည် Forbes မဂ္ဂဇင်း ၏ လွှမ်းမိုးမှု အရှိဆုံး အနုပညာ ၁ဝဝ ဦး စာရင်းတွင်လည်း နံပါတ်(၁)နေရာကို ရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က နံပါတ်(၁) နေရာကို ရရှိခဲ့သော လူမည်းအမျိုးသမီး ရုပ်သံအစီအစဉ် တင်ဆက်သူ အိုပရာဝင်ဖရေးက ယခုနှစ်တွင် နံပါတ်(၄) နေရာကို ရောက်ရှိသွားခဲ့ သည်။
ကမ္ဘာ့အလွှမ်းမိုးမှု အရှိဆုံး ဂီတအနုပညာ စာရင်းတွင် Dr. Dre နံပါတ်(၂)နေရာ ရရှိခဲ့ပြီး ရက်ပ် အဆိုတော် ဂျေဇီးက နံပါတ်(၃) နေရာကို ရရှိကာ ရီဟန်းနားက နံပါတ်(၄) နေရာကို ရရှိခဲ့ပြီး ကေတီ ပယ်ရီက နံပါတ် (၅) နေရာကို အသီးသီး ရရှိခဲ့သည်။
ကန်ထရီး အဆိုတော် တေးလာဆွစ်က ၎င်းစာရင်းတွင် နံပါတ်(၉) နေရာကို ရရှိခဲ့ပြီး ပေါ့ပ် ဘုရင်မ  လေဒီဂါဂါက နံပါတ်(၁ဝ) နေရာကို ရရှိခဲ့သည်။

No comments:

Post a Comment

back to top