Golden Melody ဆုပေးပွဲ အခမ်းအနား၌ ဂျေဂျေလင်နှင့် ပန်နီတိုင်တို့ အကောင်းဆုံး Mandarin အဆိုရှင်ဆုများ ဆွတ်ခူး
စင်ကာပူ
အဆိုတော်နှင့် တေးရေးဆရာ ဖြစ်သူ ဂျေဂျေလင်နှင့် မလေးရှား အဆိုတော်
ပန်နီတိုင် တို့သည် GoldenMelody ဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံး
Mandarin အဆိုရှင် ဆုများကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
ဂျေဂျေလင်သည် သူ၏ Stories Untold တေးအယ်လ်ဘမ်ဖြင့် အကောင်းဆုံး အမျိုးသား အဆိုရှင်ဆုကို ရရှိခဲ့သည်။ မလေးရှား အဆိုတော် ပန်နီတိုင်က သူမ၏
Unexpected တေးအယ်လ်ဘမ်ဖြင့် အကောင်းဆုံး အမျိုးသမီး အဆိုရှင်ဆုကို
ရရှိခဲ့သည်။ ထို့ပြင် တိုင်သည် သူမ၏ အခြား တေးအယ်လ်ဘမ်ဖြင့်လည်း
အကောင်းဆုံး တေးအယ်လ်ဘမ် ထုတ်လုပ်သူ ဆုကို ရရှိခဲ့သည်။
Golden Melodyဆုပေးပွဲ အခမ်းအနား၌
ရှေးတိုင်းရင်းသား အဆိုရှင် I am Ayal Komod တေးအယ်လ်ဘမ်က ယခုနှစ်၏
အကောင်းဆုံး တေးအယ်လ်ဘမ် ဆုကို ရရှိခဲ့ပြီး တရုတ် အဆိုတော် လီရောင်ဟောင်၏
Model တေးအယ်လ်ဘမ်က အကောင်းဆုံး မျက်နှာသစ် အဆိုရှင်ဆုကို ရရှိခဲ့သည်။ (၂၅)ကြိမ်မြောက် Golden Melody ဆုပေးပွဲ အခမ်းအနားကို ဇွန် ၂၈ ရက် ညပိုင်းက တရုတ်(တိုင်ပေ)၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

No comments:
Post a Comment