ကမ္ဘာကျော် ကိုရီးယားအမျိုးသမီးအဆိုတော် 2NE1အဖွဲ့ မြန်မာနိုင်ငံ မှာ လာရောက်ဖော်ဖြေမည်
ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ ဖြစ်တဲ့ 2NE1အဖွဲ့မြန်မာနိုင်ငံမှာလာရောက်ဖျော်ဖြေမယ်လို့ သိရပါ တယ်။
Samsung Myanmarရဲ့ ဖိတ်ကြားစီစဉ်မှုနဲ့ လာမယ့် သြဂုတ်လ ၂ ရက်နေ့
သုဝဏ္ဏအားကစား ကွင်းမှာဖြစ်ပါတယ်။ "အခုက ဆမ်ဆောင်းဘက်နဲ့ ကူးအန်အီးဝမ်းတို့က
ညှိနှိုင်းနေတုန်းပဲ ရှိသေးတော့ လောလောဆယ်လတ်မှတ်ကြေးနဲ့ လက်မှတ်ကို
ဘယ်မှာယူလို့ရမလဲ ဆိုတာ မသိသေးဘူး။ ဒါပေမယ့် ဒီဇူလိုင်လလယ်ပိုင်းလောက်တော့
အဖြေအတိအကျထွက်မယ်ထင်တယ်။ လက်မှတ်နဲ့ ပတ်သက်လို့ အရောင်းမြှင့်တင်ရေး
အစီအစဉ်တွေကိုတော့ စတင်လုပ်နေပါပြီ" လို့ဖျော်ဖြေပွဲ အတွက်ပြန်ကြားရေး
တာဝန်ယူထားတဲ့ Mango Media Limited ကဒေါ်မေမွန်သူ က ပြောပါတယ်။
Samsung
Myanmar ရဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ်တွေကို ရန်ကုန်မြို့မှာတော့
ဇူလိုင်လ ၄ ရက်နေ့မှာ ဆူးလေ Cyber City ဆမ်ဆောင်းအရောင်းပြခန်းနဲ့
သမိုင်းလမ်းဆုံက Jay Mart အရောင်းပြခန်း တို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး
မန္တလေးမြို့မှာတော့ ဇူလိုင်လ ၅ ရက်နေ့မှာ ၇၈ လမ်းက M9
ဆမ်ဆောင်းအရောင်းပြခန်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
အဲဒီနေ့မှာ
Samsung Galaxy Tab S ၀ယ်ယူသူ အယောက် ၅၀ ကို ဖျော်ဖြေပွဲ လက်မှတ်တစ်စောင်၊
ငွေကျပ် ၁၀,၀၀၀ တန် ငွေဖြည့်ကတ်သုံးကတ်နဲ့ ကျပ် ၅,၀၀၀ ဖိုး
လျှော့ဈေးကတ် တို့ကို မေတ္တာလက်ဆောင် ပေးသွားမှာဖြစ်သလို ပထမဦးဆုံး
စတင်ဝယ်သူ ယူသူကတော့ဖျော်ဖြေပွဲ လက်မှတ် နှစ်စောင် ရရှိမှာဖြစ်တယ်လို့
Samsung Myanmar ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။
2NE1 အဖွဲ့ကို Minzy ၊ CL ၊ Bom နဲ့ Dara ဆိုတဲ့ မိန်းကလေး လေးယောက်နဲ့ ၂၀၀၉ ခုနှစ်ကတည်းက
ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ Go away ၊ I don't Care ၊ I am the
best စတဲ့ K-pop သီချင်းတွေနဲ့ နာမည်ကျော်ကြားလာတဲ့အဖွဲ့ဖြစ်ပြီး
အာရှမှာတင်မကဘဲ ကမ္ဘာပါကျော်တဲ့အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က စင်ကာပူနိုင်ငံမှာ 2014 World Tour အတွက်
သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ တခြား K-pop အဖွဲ့တွေ
လာရောက်ဖျော်ဖြေခဲ့ဖူးပေမယ့် 2NE1 အဖွဲ့ကတော့Samsung Myanmar
ရဲ့ဖိတ်ကြားမှုနဲ့ ပထမဦးဆုံးအကြိမ် လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

No comments:
Post a Comment