အဖွဲ့ဝင် လေးဦးပါ KARA အဖွဲ့ တေးသီချင်းသစ် ဖြန့်ချိမည်
တောင်ကိုရီးယား အမျိုးသမီး ပေါ့ပ်အဆိုအဖွဲ့ တစ်ဖွဲ့ဖြစ်သော KARA အဖွဲ့သည် အဖွဲ့ဝင် အသစ်အဖြစ် ယောင်ဂျီ ကို
ရွေးချယ်ခဲ့ပြီးနောက် လာမည့် သြဂုတ် ၂၇ ရက်တွင် ကိုရီးယားနှင့်
ဂျပန်နိုင်ငံတို့၌ ၎င်းတို့၏ တေးသီချင်းသစ်ကို တစ်ပြိုင်နက်တည်း ထုတ်လုပ်
ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။
KARA အဖွဲ့သည် အဖွဲ့ဝင် လေးဦး အဖြစ်
ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက် ယခုအခါ ၎င်းတို့၏ တေး အယ်လ်ဘမ် သစ်ကို ထုတ်လုပ်
ဖြန့်ချိနိုင်ရန် အတွက် စီစဉ်လျက်ရှိကြောင်း DSP မီဒီယာက STAR News
သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
ယင်းနောက် အောက်တိုဘာ ၂၄ ရက်တွင်
ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ "KARA 3rd JAPAN TOUR 2014'' ဟု
အမည်ပေးထားသော တေးဂီတ ဖျော်ဖြေပွဲကို ကျင်းပသွားမည် ဖြစ်သည်။ KARA အဖွဲ့သည်
၎င်းတို့ ယခုထွက်ရှိမည့် တေးအယ်လ်ဘမ်တွင် သံစဉ် တေးသွား အနည်းငယ် ပြောင်းလဲ
သီဆိုထားကြောင်း သိရသည်။

No comments:
Post a Comment