Friday, July 4, 2014

မျက်နှာခွဲစိတ်ပြုပြင်ထားတာမျိုး မရှိဘူးဆိုတဲ့ T-ara အဖွဲ့ဝင် ဆိုယွန်း

 တောင်ကိုရီးယား နာမည်ကျော် မိန်းကလေးအဆိုရှင်များအဖွဲ့ T-ara မှ အဖွဲ့ဝင်ဆိုယွန်းက ၎င်းသည် မျက်နှာခွဲစိတ်ပြုပြင်ထားခြင်းမရှိကြောင်း ဇူလိုင် ၂ ရက်တွင် ပြောကြားသည်။
ဆိုယွန်းသည် ၎င်း၏ Instagram စာမျက်နှာတွင် ကိုယ်တိုင်ရိုက်ဓာတ်ပုံသစ်များတင်ခဲ့ရာ ဓာတ်ပုံများမှာ ယခင်ပုံများ နှင့် မတူဘဲ ပို၍ ကြည့်ကောင်းနေသောကြောင့် မျက်နှာခွဲစိတ် ပြုပြင်ထားသည်ဟု အွန်လိုင်း အသုံးပြုသူများနှင့် ၎င်း၏ ပရိ သတ်များက သံသယ၀င်ခဲ့ကြသည်။
ထိုကြောင့် ကေပေါ့ပ်စတား ဆိုယွန်းက ဇူလိုင် ၂ ရက်တွင် ၎င်း၏တွစ်တာစာမျက်နှာ၌ ဖြေရှင်း ချက်ထုတ်ပြန်ခဲ့သည်။ ‘‘စာအရှည်ကြီးဘယ်လိုရေးရမယ်ဆိုတာ ကျွန်မ မသိဘူး။ဒါကြောင့် ကျွန်မရဲ့ ဓာတ်ပုံတွေက လူတွေကို အမြင်မှားသွားစေတယ်။ ကျွန်မဓာတ်ပုံပေါင်း ၅၀ လောက်ရိုက်ခဲ့တဲ့ အထဲကမှ အကောင်းဆုံးဖြစ်မယ်လို့ထင်တဲ့တစ်ပုံကို ရွေးပြီးတင်ခဲ့တာ။ ကျွန်မက အရမ်းလှနေတဲ့ ပုံတွေကိုပဲ ရွေးပြီး တင်လိုက်တော့ နဂိုပုံနဲ့ သိပ်မတူတော့သလိုဖြစ်ပြီး ပရိသတ်တွေကို အထင်လွဲသွားစေ တာပါ။ နောက် တစ်ခါ ကျွန်မဘာလုပ်နေတယ်ဆိုတဲ့အကြောင်း ဖော်ပြမယ်ဆိုရင် ပိုပြီးဂရုတစိုက်ရှိမှာပါ။ အခုတော့ ပရိသတ်ကြီးနားလည်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ဆိုယွန်းက ပြောကြားသည်။
ဆိုယွန်းက ၎င်း၏ သူငယ်ချင်း T-ara အဖွဲ့ဝင်တစ်ဦးဖြစ် သူ ဟိုမင်း၏တစ်ကိုယ်တော် အယ်လ်ဘမ်ကို လည်း ပရိသတ် များအားပေးကြရန် တိုက်တွန်းခဲ့သည်။     

No comments:

Post a Comment

back to top