မိဘမဲ့ ကလေးငယ်များ ဘဝမြှင့်တင်ရန် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း ဆောင်ရွက်မည်
မြန်မာနိုင်ငံရှိ
မိဘမဲ့ ကလေးများ၏ ဘဝ မြှင့်တင် ဆောင်ရွက် ပေးနိုင်ရန်နှင့် မိဘမဲ့
ကလေးငယ်များ တိုးပွားလာသည့်နှုန်း လျော့နည်းသွားစေရန်အတွက် လူမှုဝန်ထမ်း
ဦးစီးဌာနနှင့် UNICEF တို့က ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း
သိရသည်။
ထို့အပြင် မိဘမဲ့ ကလေးငယ်များ၏ဘဝ
လုံခြုံ စိတ်ချစေရန်၊ အာမခံချက် ရှိစေရန်နှင့် ၎င်းတို့အား စနစ် တကျ ပြု စု
ပျိုးထောင်နိုင်ရန် အတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက်မည့် အစီအစဉ်များ
ရှိကြောင်း လူမှု ဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင်
မိဘမဲ့ဂေဟာများ၏ လုပ်ထုံး လုပ်နည်းများကို ပြန်လည် သုံး သပ်ခြင်း၊
ဂေဟာ များကို အဆင့် သတ်မှတ်ခြင်း၊ ဆင်းရဲ နွမ်းပါးသော မိသားစုများအား ကူညီ
ထောက် ပံ့ခြင်းနှင့် မိဘမဲ့ ကလေးငယ်များအား ပြုစု
ပျိုးထောင်ရန် ပိုမိုကောင်းမွန်သော နည်းလမ်းများ အကောင် အထည်ဖော်ခြင်း
စသည်တို့ကို လုပ်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ကလေး သူငယ်များအား
ပိုမိုပြည့်စုံသော အခွင့်အရေးများ၊ ကာကွယ် စောင့်ရှောက် မှုများ
ပေးနိုင်စေရန် အတွက် ကလေးသူငယ် ဥပဒေကို UNICEF နှင့် ပူးပေါင်း ကာ ပြင်ဆင်
ရေးဆွဲလျက် ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း ဦးစီးဌာနနှင့် UNICEF
တို့သည် ပြည်တွင်းရှိ မိဘမဲ့ ကလေးများနှင့် ပတ်သက်၍ လေ့ လာ ကောက် ယူခဲ့သော
စစ်တမ်းများအရ မြန်မာနိုင်ငံ ၌ ကလေးသူငယ် စောင့်ရှောက်ရေး ပရ ဟိတဂေဟာနှင့်
သင်တန်းကျောင်း စုစုပေါင်း ၂၂ဝ ကျော်ရှိပြီး ကလေးသူငယ်ဦးရေ ၂၁၇ဝဝ
နီးပါး ကို စောင့်ရှောက် ပေးထားကြောင်းနှင့် အများစုမှာ တိုင်းရင်းသား
ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment