အယ်လ်ဘမ်သစ်ထွက်ရှိပြီးနောက် အာရှဖျော်ဖြေပွဲစတင်မယ့် JYJ အဖွဲ့
တောင်ကိုရီးယားနာမည် ကျော် ယောက်ျားလေးအဆိုရှင် များအဖွဲ့ JYJ သည်
လာမည့် ဩဂုတ် ၉ ရက်တွင် အာရှဖျော် ဖြေရေးခရီးစဉ် တရားဝင်စတင်
မည်ဖြစ်ကြောင်း အေဂျင်စီက ပြောသည်။
JYJ အဖွဲ့သည် တောင်ကိုရီး ယား၊ ဟောင်ကောင်၊ တရုတ်၊ ဗီယက်နမ်နိုင်ငံရှိ
မြို့ကြီးများအပါ အဝင် မြို့ကြီးရှစ်မြို့သို့ သွား ရောက်ဖျော်ဖြေရန်
စီစဉ်ထား သည်ဟု ၎င်းတို့၏ အေဂျင်စီက ပြောသည်။ ‘‘JYJ အဖွဲ့ဝင်တွေဟာ ဇူလိုင်လကုန်မှာ ထွက်ရှိမယ့် အယ်လ်ဘမ်သစ်ကာဗာနဲ့
တေး ဂီတဗီဒီယို ရိုက်ကူးမှုတွေကို လက် စသတ်လိုက်ပါပြီ။ လက်ရှိမှာ
သူတို့အယ်လ်ဘမ်အတွက် အသံ သွင်းမှုတွေကို လက်စသတ်နေပါ တယ်။
အဖွဲ့ဝင်တွေအားလုံး လည်း ပရိသတ်တွေနဲ့ ပြန်တွေ့ရ တော့မယ်ဆိုပြီး
အရမ်းစိတ်လှုပ် ရှားနေပါတယ်’’ဟု အေဂျင်စီက ပြောသည်။ ဇူလိုင်လကုန်တွင် ထွက်ရှိ မည့် အယ်လ်ဘမ်သစ်၌ပါဝင် သော သီချင်းအများစုကို JYJ အဖွဲ့ဝင်များ က ရေးစပ်သီကုံး ထားသည်။ JYJ အဖွဲ့သည် နောက်ဆုံး အယ်လ်ဘမ်ထွက်ရှိပြီးနောက် သုံးနှစ်အကြာတွင် အယ်လ်ဘတ် သစ်ထွက်ရှိ လာခြင်းဖြစ်သည်။

No comments:
Post a Comment