မက္ကဆီနဲ့ပွဲက ဟန်ဆောင်ဒိုင်ဗင် မထိုးခဲ့ဘူးလို့ ရော်ဘင် ပြော

နယ်သာလန် တောင်ပံကစားသမား အာဂျန်ရော်ဘင်က မက္ကဆီကိုနဲ့ပွဲမှာ ပင်နယ်တီရဖို့ ဟန်ဆောင်ဒိုင်ဗင် မထိုးခဲ့ဘူးလို့ တနင်္လာနေ့က ရီယိုဒီဂျနေးရိုးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲ့ဒီပွဲမှာ (၁)ဂိုးစီသရေနဲ့ ပွဲပြီးခါနီး ရော်ဘင် ဘောလုံး လိမ်ခေါက်ရင်း မက္ကဆီကို နောက်ခံလူ မားကွက်ဇ်က ဖျက်ထုတ်လိုက်ရာမှာ ရော်ဘင် လဲကျသွားတာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့တာ ဖြစ်ပါတယ်။ ရော်ဘင်ဟာ သူ့ကစားသမား ဘ၀တလျှောက် ဟန်ဆောင်ဒိုင်ဗင် ထိုးတာနဲ့ ပတ်သက်ပြီး မကြာခဏ ဝေဖန်ခံခဲ့ရသူပါ။ သူက ပွဲပြီးခါနီး ပင်နယ်တီရဖို့ ဟန်ဆောင်ဒိုင်ဗင် ထိုးခဲ့တာမျိုး မရှိပေမဲ့ ပထမပိုင်းမှာတော့ ဟန်ဆောင်ဒိုင်ဗင် ထိုးခဲ့တယ်လို့ ၀န်ခံပါတယ်။’’မနေ့က ပွဲပြီးအင်တာဗျူးမှာ ပထမပိုင်းအတွင်း (၁)ကြိမ် ဟန်ဆောင်ဒိုင်ဗင် ထိုးခဲ့တယ်လို့ ရိုးရိုးသားသား ပြောခဲ့ပါတယ်။ ဟန်ဆောင်ဒိုင်ဗင် ထိုးတာဟာ သိမ်ဖျဉ်းလွန်းတဲ့ လုပ်ရပ်ပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဲဒီလုပ်ရပ်ဟာ ပွဲအဖြေကို အလှည့်အပြောင်း မဖြစ်စေခဲ့ပါဘူး။ ဒုတိယပိုင်းကတော့ ပြစ်ဒဏ်ဘောဆိုတာ အရှင်းကြီးပါ။ ကျွန်တော်တို့ တကယ့်ကို ပင်နယ်တီ ရသင့်ပါတယ်’’ လို့ ရော်ဘင်က ပြောပါတယ်။
No comments:
Post a Comment