လှည်းကူးမြို့နယ်တွင် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲနှင့် မိုးရာသီ သစ်ပင် စိုက်ပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် မင်းတုန်းကျေးရွာအုပ်စု
ဝါးယားကုန်း ကျေးရွာ သမီးလေး တိုးချဲ့ ကွက်သစ်တွက် ကျေးရွာလုံးကျွတ် ပါတီဝင်
အဆိုပြုလွှာ ပေးအပ်ခြင်း၊
ပါတီဝင် ကတ်ပြား များ ပေးအပ်ခြင်းနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ
အခမ်းအနားကို ဇွန်လ ၂၈ ရက် နံနက် ၈ နာရီ ၅ မိနစ်တွင် သမီးကလေး
တိုးချဲ့ကွက်သစ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပါတီ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ လှည်းကူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပါတီဗဟိုကော်မတီဝင် ဦးဆွေအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း၊ ဦးနိုင်ဝင်း၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာအောင်မြတ်သူနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ လှည်းကူးမြို့နယ် သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးဇင်မွန်နိုင်နှင့် သစ်တော ၀န်ထမ်းများ၊ ဖောင်ကြီးတိုက်နယ်မှ စည်း/မှူးနှင့် စည်းကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်း အင်အား ၅၀၀ ခန့် တပျော် တပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

No comments:
Post a Comment