စိတ်ခံစားမှုတွေကို မေ့ထားရမယ်လို့ ဖာနန်ဒင်ဟို ပြော

ဘရာဇီး ကွင်းလယ်လူ ဖာနန်ဒင်ဟိုက သူတို့အသင်း ကမ္ဘာ့ဖလားပွဲမှာ ဗိုလ်စွဲဖို့ ဘာကြောင့် ရေပန်းစား နေသလဲကို ကွင်းထဲမှာ သက်သေပြဖို့နဲ့ စိတ်ခံစားမှုတွေကို မေ့ထားဖို့ လိုအပ်တယ်လို့ တနင်္လာနေ့က တီရီစပိုးလစ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ချီလီနဲ့ပွဲအပြီးမှာ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗား၊ ဂိုးသမား ဆီဆာနဲ့တိုက်စစ်မှူး နေမာတို့အားလုံး နိုင်ပွဲကြောင့် မျက်ရည်ကျခဲ့ပါတယ်။ ဒါပေမဲ့ ဖာနန်ဒင်ဟိုက အခုအခါမှာ စိတ်ပိုင်းထက် ကစားကွက်ပိုင်းကို ပိုအာရုံစိုက်ရတော့မယ်လို့ ပြောပါတယ်။’’ကျွန်တော်တို့ဟာ နိုင်ငံ့လက်ရွေးစင် အသင်းအတွက် စိတ်နစ်ပြီးကစားပေးနေတာကို အားလုံးသိပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံး ပြင်ဆင်ပြီးမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုအခါ စိတ်ခံစားမှုတွေအတွက် အချိန်ပေးရမှာ မဟုတ်ပါဘူး။ ဘာလုပ်ရတော့မယ် ဆိုတာနဲ့ ဘယ်ဟာက အရေးကြီးသလဲကို အားလုံး သိထားကြပါပြီ။ အခုကစပြီး ဘရာဇီးအသင်းရဲ့ ခြေစွမ်းအမှန်ကို ပြရပါတော့မယ်’’လို့ ဖာနန်ဒင်ဟိုက ပြောပါတယ်။ ဘရာဇီးအသင်းဟာ ကိုလံဘီယာနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ကို သောကြာနေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment