Friday, July 4, 2014

အချစ်ရေးကတော့သေချာမှပဲပြောချင်ပါတယ်လို့ဆိုတဲ့ သီရိရှင်းသန့်

အနုပညာ လောကထဲမှာ ဖြေးဖြေးနဲ့မှန်မှန် လျှောက်လှမ်းနေတဲ့ သီရိရှင်းသန့်က သူမရဲ့ အနု ပညာခြေ လှမ်းတွေအပေါ် အားမလို အားမရဖြစ်နေတဲ့ ပရိသတ်တွေကို သူမက “သီရိက အနုပညာလုပ် ငန်းနဲ့ နည်းနည်းလေးတော့ အလှမ်းဝေးတယ်ပေါ့နော်။ သီရိ ဖြစ်ချင်တဲ့ ပန်းတိုင်ကို မရောက်သေးပါဘူး။ အချိန်တစ်ခုကတော့ ပေးရမှာပေါ့နော်။ ပြီးတော့ကိုယ်က ကြိုးစားချင်စိတ်ရှိပေမဲ့လဲ အခွင့်အရေးက လိုသေးတယ်။ အခွင့်အရေးရှိပေမဲ့လဲ ကံနဲ့စန်းက ရှိဦးမှဆိုတော့ အဖက်ဖက်က ပြည့်စုံဖို့ ဆိုတာ ကိုယ်ကိုယ်တိုင်က အနုပညာဝမ်းစာပြည့်ဖို့လိုတဲ့အတွက် အနုပညာဝမ်းစာလေးတွေလဲ စုနေ ပါတယ်။ ပရိသတ်တွေ ကျေနပ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်အောင်လဲ ကြိုးစားသွားပါ့မယ်။” လို့ ဆိုပါတယ်။
သူမဟာ အစပိုင်းမှာ အနုပညာလုပ်တာကို မိဘတွေ သဘောမတူခဲ့လို အခက်အခဲတွေ့ခဲ့ရတဲ့ အကြောင်းကိုလည်း “အစကဆို ဒီအလုပ်ကို ဖေဖေက လက်မခံဘူး။ ပြီးတော့ နယ်ကဆိုတော့ နည်းနည်း အမြင်ကျဉ်းတယ်။ ကြောက်လဲကြောက်တတ်တယ်။ ကိုယ့်သားသမီး တစ်စုံတစ်ခုဖြစ်သွားမှာ နာမည်ကောင်းမရမှာကို စိုးရိမ်တယ်ပေါ့နော်။ အများကြီး စိုးရိမ်တာပေါ့နော်။ ပေးမလုပ်ဘူး။ ဒါပေမဲ့ အမေကကျတော့ မြှောက်ပေးတယ်။ အဲဒါနဲ့ ရန်ကုန်မှာ အလုပ်လုပ်မယ်လို့ပြောပြီး အနုပညာအလုပ်ကို ခိုးလုပ်ရင်းနဲ့မေမေက သဘောတူသွားတာပေါ့နော်။ နောက်ပိုင်းကျတော့အဖေက တကယ်ဝါသနာ ပါတာကိုလဲ သိတယ်။ ကြိုးစားတယ်ဆိုတာကိုလဲ သိတယ်။  ကိုယ့်နာမည်လေးနဲ့ ကိုယ်သန့်သန့် ရှင်းရှင်းနေခဲ့တာကို အဖေက နောက်ပိုင်းမှာ လက်ခံသွားတယ်။ အားပေးလာပါတယ်။” လို့ သူမက ပြော ပါတယ်။
အချစ်ရေးကို သေချာမှပြောချင်တဲ့ ဆိုတဲ့ သူမက “ခုချိန်မှာ ပြောလိုက်လို့ တစ်ချိန်ချိန်မှာ ဒီလူနဲ့ကိုယ်နဲ့က ဖူးစာ မပါဖြစ်သွားရင် အားလုံးက ၀ိုင်းပြောကြမှာပေါ့နော်။ နောက်ထပ်တွေ့မဲ့ ဖူးစာရှင်ကလဲ ဒီအကြောင်းတွေ သိရင် အနည်းနဲ့ အများ စိတ်ခံစားချက်ဖြစ်မယ်။ အဲ့ဒါကြောင့် သေချာတော့ မှပဲ ပြောချင် ပါတယ်”တဲ့။

No comments:

Post a Comment

back to top