ဒုတိယမြောက်ကြော်ငြာကို နေတိုးနဲ့ရိုက်ကူးခဲ့တဲ့ မေမြတ်နိုး
အာရှပစိဖိတ်အလှမယ်ဆု
ပူပူနွေးနွေးရရှိထားသော မေမြတ်နိုးက ၎င်း၏ဒုတိယမြောက် ရုပ်သံကြော်ငြာ ကို
နေတိုးနှင့် ရိုက်ကူးနေသည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
‘‘အခုရိုက်နေတာက တိုးပွားဓာတ်မြေသြဇာ ကြော်ငြာပါ။ ကိုနေတိုးနဲ့ ရိုက်တာပါ’’ဟု ၎င်းကပြောသည်။ ယင်းကြော်ငြာကို မန္တလေးမြို့တွင် ရိုက်ကူးနေခြင်းဖြစ်ပြီး လယ်ကွင်းများသို့ သွားရောက်ရိုက်ကူး ခဲ့ကြောင်း မေမြတ်နိုး ကပြောသည်။ ၎င်းနှင့် နေတိုး တွဲဖက်ရိုက်ကူးနေသော ကြော်ငြာဓာတ်ပုံများကိုလည်း ပရိသတ်များ အတွက် ဖေ့စ်ဘွတ်ခ် တွင် မျှဝေပေးထားသည်။ ၎င်း၏ ပထမဆုံးကြော်ငြာ အဖြစ် ရွှေနဂါးမင်း လက်ဝတ်ရတနာဆိုင် ကြော်ငြာကို ဒါရိုက်တာစင်ရော်မောင်မောင်နှင့် ရိုက်ကူးခဲ့ကြောင်း မေမြတ်နိုး ကပြောသည်။

No comments:
Post a Comment