Friday, July 4, 2014

ဇာတ်ကားတွေပြန်ရိုက်တော့မယ့်ထွန်းထွန်း

အနုပညာအလုပ်များ ရပ်နားထားသည်မှာကြာပြီဖြစ် သော ထွန်းထွန်းသည် နိုဝင်ဘာမှ စတင်၍ ဇာတ်ကား များတစိုက် မတ်မတ်ပြန်လည်ရိုက်ကူးသွား မည်ဖြစ်ကြောင်းပြောသည်။ ‘‘ကျွန်တော်ကိုယ်တိုင်က ဇာတ်ကားရော၊ သီချင်းရော ဘာ မှမလုပ်ဖြစ်ဘူး။ ကျွန်တော်ကိုယ် တိုင် တချို့အပိုင်းတွေပြန်ပြီးပြု ပြင်နေရ တာတွေရှိတယ်။ အချိန် နောက်ကျတာတွေ၊ မနောက်ကျ တော့အောင် အကျင့်တစ်ခုကို ပြောင်းနေရတော့ အခုအကောင်း ဆုံးလေ့ကျင့်ပြီးတော့ ပြန်အလုပ် လုပ်ဖို့တာ စူနေပါပြီ’’ဟု ထွန်းထွန်းကပြောသည်။
ထွန်းထွန်းသည်  ‘မှော် ကျောက်စာ’ရုပ်ရှင်ကားတွင် စစ် သူကြီးအဖြစ်ပါဝင်သရုပ်ဆောင် ကာ ယခုလ အတွင်းရိုက်ကူးသွား မည်ဖြစ်ပြီး ယခုအချိန်၌ ယင်း ရုပ်ရှင်တစ်ကားသာရိုက်ကူး၍ နိုဝင်ဘာမှသာ ကျန်ဇာတ်ကား များဆက်တိုက်ရိုက်ကူးသွားမည် ဖြစ်ကြောင်း ၎င်းကပြော သည်။ မှော်ကျောက်စာ ရုပ်ရှင်ကားတွင် မေတ္တာဖြင့်ပါဝင်ပေးခြင်းဖြစ်သည်။
‘‘ဒီကားမှာ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရ တယ်။ အဓိကက ကျွန်တော် အလုပ်မလုပ်ဘူး။ အလုပ်မလုပ် တဲ့အတွက် ဇာတ်ပို့ဇာတ်ရံနေရာ ကနေ ကျွန်တော့်ကိုကမ်းလှမ်း တယ်။ ကျွန်တော်ကိုယ်တိုင် အလုပ်မလုပ်တာဖြစ်တဲ့အတွက် ကိုယ်တိုင်အလုပ်ပြန်လုပ်ရမှာ။ ဘယ်နေရာပဲဖြစ်ဖြစ် ကားတစ် ကားကောင်းအောင် ပံ့ပိုးသွားဖို့ပဲ ရည်စူးထားပါတယ်’’ဟု ထွန်းထွန်းကပြောသည်။ ထို့အပြင် ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သော တစ်ကိုယ်တော် ခွေ‘စူပါစတား’ ဗီစီဒီကို လာမည့်သီတင်းကျွတ်တွင် ထွက်ရှိနိုင် ရန်  ပြင်ဆင်နေကြောင်း ထွန်းထွန်းက ပြောသည်။

 

No comments:

Post a Comment

back to top