Friday, July 4, 2014


လက်တွေ့ စာရင်းအင်းလုပ်ငန်းစဉ်ပို့ချ

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ငွေကြေး ဆိုင်ရာ လုပ်ငန်းရပ်များတွင် လုပ်ထုံး လုပ်နည်းနှင့်အညီဖြစ်စေရန်၊ ငွေကြေး ဖြင့် ပါတီ၏ပုံရိပ်တွင် ညီညွတ်မှုပိုမိုရရှိစေရန်၊ ငွေကြေးသုံးစွဲရာတွင် စည်းရုံးရေး၊ လူမှုရေးနယ်ပယ်တွင် ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ် ဇူလိုင် လ (၂)ရက်နေ့ နံနက်(၀၉း၀၀)အချိန် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ လက်တွေ့စာရင်းအင်းပညာသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။
ယင်းသင်တန်းအား ပြည်နယ်ဘဏ္ဍာရေးတာဝန်ခံ/ကော်မတီဝင် ဦးဂျေကလက်၊ အဖွဲ့ဝင် ဦးအောင်ဆန်း၊ ဦးခင်မြင့်တို့မှ ငွေကြေးသုံးစွဲမှုတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စာတွေ့/လက်တွေ့ဖြင့် ရှင်းလင်းပြသခဲ့သည်။ 
ယင်းသင်တန်းသို့ လွိုင်ကော်/ဘောလခဲခရိုင်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တို့မှ အတွင်းရေးမှူးနှင့် ငွေစာရင်းတာဝန်ခံမြို့နယ်ကော်မတီဝင်များ၊ စာရေးများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment

back to top