ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း မော်လမြိုင်တွင် ဖွင့်လှစ်
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကြီးမှူး၍ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွား သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်း အနားကို ဇူလိုင် (၁) ရက်နေ့ နံနက်(၈) နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် ပါတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် မွန်ပြည်နယ် ၁၀ မြို့နယ်မှ သင်တန်းသား သင်တန်းသူ၊ ရပ်/ ကျေးစည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၁၅၀ ကျော် တက်ရောက်ခဲ့သည်။
သင်တန်းသို့ မွန်ပြည်နယ်တစ်မြို့နယ်မှ သင်တန်းသား သင်တန်းသူ ၈၅ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလ မှာ သုံးရက်ကြာမြင့်မည်ဖြစ်သည်။

No comments:
Post a Comment