Wednesday, July 2, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် လွှတ်တော် အတွေ့ အကြုံ ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဇွန် ၂၈ ရက် နံနက် ၁၀ နာရီက လွှတ်တော်အတွေ့ အကြုံနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ရှင်းလင်းခြင်း အခမ်းအနားပြုလုပ်ရာ ထန်းတပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းရီက ရှင်းလင်းခဲ့သည်။
ဦးသိန်းရီနှင့်အတူ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၊ မြို့နယ်ကော်မတီဝင် များဖြစ်ကြသော ဦးသန်း ၀င်းအောင်၊ ဦးကျော်စွာဝင်း၊ ဦးကျော်သူရ၊ ဦးသူရဇော်၊ ဦးနိုင်ဝင်း၊ ဒေါ်အေးသီတာထွန်း၊ ဒေါ်ရီရီမြင့် တို့ အခမ်းအနား တက်ရောက်ကြသည်။
အခမ်းအနားသို့ တက်သစ်ကျွန်းအုပ်စုများမှ ထိန်နှစ်ပင်၊ ကျားဟုန်း၊ သံပုရာကုန်၊ ငှက်သိုက်၊ ဆတ်ကလေး၊ ခရဲနီ၊ ၀ါးတရာ ကျေးရွာများမှ ဒေသခံ ပြည်သးများနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ အင်အား ၅၀၀ တက်ရောက်ကြောင်း သိရသည်။
အခမ်းအနားဒုတိယပိုင်းတွင် ဒေသခံပြည်သူများက ကျေးရွာလိုအပ်ချက်များ အား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီထံ တင်ပြ၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီက ဒေသခံပြည်သူ များ၏ လိုအပ်ချက် များအား ဆောင်ရွက်ပေးရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ် ကြောင်း ပြောကြား ခဲ့သည်။

No comments:

Post a Comment

back to top