နိုင်ငံတကာ Miss ပြိုင်ပွဲတွေပေါ်လာတဲ့အတွက် အားရ ဝမ်းသာမိပါတယ်ဆိုတဲ့ နိုနိုကေ
ပြည်တွင်း Miss
တစ်ယောက်ဖြစ်ခဲ့သူ နိုနိုကေက ''ဒီလိုနိုင်ငံတကာ Miss ပြိုင်ပွဲ တွေ
ပေါ်ပေါက်လာတဲ့ အတွက် အရမ်းကို အားရ ဝမ်းသာမိပါတယ်။ ညီမဆိုရင်
ကိုယ့်နိုင်ငံက ရိုးရာတွေ နိုင်ငံခြား သား တွေကို ပြရမယ်ဆိုတဲ့ အသိက Miss ပြိုင်ပွဲက နေရလိုက်တာပါ။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးတာဟာ အရမ်းကို ကောင်းပါတယ်။
ဗဟုသုတ အသိဥာဏ်တွေ အများကြီး တိုးတက်
စေပါတယ်။ ဒီပြိုင်ပွဲတွေက အနုပညာ အလုပ်တွေ လုပ်မှ မဟုတ်ပါဘူး။ အပြင်
စီးပွားရေးတွေ လုပ်တဲ့ အခါမှာလည်း ကိုယ့်အတွက် အထောက်အကူ အများကြီး
ရစေပါတယ်'' ဟု နိုနိုကေက ပြောပြခဲ့သည်။
ညီမအနေနဲ့ ''အခုလက်ရှိမှာလည်း
တယောပွဲတွေကို လက်ခံထားတာတွေ ရှိပါတယ်။ နောက်ပိုင်း မှာလည်း စင်ပေါ်မှာ
မြန်မာ့ တူရိယာနဲ့ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ တေးဂီတတွေကို နိုင်ငံခြား
ဧည့်သည်တွေသိအောင် ဖျော်ဖြေတဲ့သူ တစ်ယောက်ဖြစ်ချင်ပါတယ်။ ညီမက ငယ်ငယ်ကတည်းက
တယောနဲ့ ရင်းနှီးခဲ့တာပါ။ ဖေဖေကလည်း စနစ်တကျ သင်ပေးတယ်။ မြန်မာ့ အနုပညာကို
နိုင်ငံခြား ဧည့်သည်တွေ လာတဲ့အခါမှာလည်း Promotion လုပ်တဲ့ အနေနဲ့
အခုဒီတယောလေးကို အာရုံ ထားပြီး ကြိုးစား လေ့ကျင့်နေတာပါ။ နိုနိုအနေနဲ့ ဖေဖေ
သင်ပေးထားတဲ့ တယောပညာနဲ့ နိုင်ငံ တကာကို သွားရောက်ဖျော်ဖြေချင်တယ်။
အဲဒီအတွက်လည်း ကြိုးစား နေပါတယ်။ ပြည်ပ ဖျော်ဖြေပွဲ အနေနဲ့ကတော့ ဗီယက်နမ်ကို သွားရောက် ဖျော်ဖြေ ခဲ့ဖူးပါတယ်။ အဲဒီမှာလည်း ကိုယ့်မြန်မာနိုင်ငံကို
လာရောက်ဖို့အတွက် ဖိတ်ခေါ်တဲ့ သီချင်းလေးကို တီးခဲ့တယ်။ အားပေးမှုလည်း
ရခဲ့တဲ့အတွက် အရမ်းလည်း ကျေနပ် အားရမိ ပါတယ်။ နောက်ပိုင်းမှာလည်း အဲဒီလို
မျိုးသွား ချင်ပါသေးတယ်။ သွားနိုင်အောင်လည်း ဆက်ကြိုးစား သွားမှာပါ'' ဟု
သူမက ပြောပြခဲ့သည်။

No comments:
Post a Comment