Monday, July 7, 2014


လူငယ်ဖိုရမ်မှ ချမှတ်သည့် ရှေ့လုပ်ငန်းစဉ်များ


၁။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာ လူငယ်ရေးရာ အဖွဲ့များကို ပီပြင်စွာ ဖွဲ့စည်းရန်။

၂။ လူငယ်ရေးရာအဖွဲ့များနှင့် ဆက်စပ်ဆောင်ရွက်ရန် အခြေခံလူငယ် အဖွဲ့များ ကို ရပ်ကွက် ကျေးရွာအလိုက် သာမန်အားဖြင့် အနည်းဆုံး ၃၀ ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ရန်။

၃။ အခြေခံလူငယ်အဖွဲ့များသည် သက်ဆိုင်ရာနယ်မြေဒေသအလိုက် ရှိနှင့်ပြီး သော လူငယ်ဗဟိုပြု အရပ်ဘက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ထိတွေ့၍ ပြည်သူ့ အကျိုး၊ ဒေသအကျိုး ဖော်ဆောင်ရန်။

၎။ လူငယ်များထံမှ ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် များ တိုးပွားလာစေရေး၊ အခြေအနေ အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင် ရေး၊ လူငယ်တိုင်း အနိမ့်ဆုံး အဆင့် အခြေခံပညာကို သင်ယူခွင့် ရရှိစေပြီး ခေတ်မီအသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို ဆက်လက်ဆည်းပူးခွင့် ရရှိစေရေးနှင့် လူငယ်များကျောင်းသားများဘ၀ သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကို ဘက်စုံ အားပေး ကူညီဆောင်ရွက်ပေးရန်။

၅။ လူငယ်များ အသိပညာ၊ အအတ်ပညာ၊ ဗဟုသုတ တိုးပွားရေး သင်ယူလေ့ လာနိုင်မှု အခွင့် အလမ်းများ ရရှိရေး ကူညီဆောင်ရွက်ပေးရန်။

၆။ ပညာရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် အခြေခံလူငယ်အဖွဲ့များမှ ပါဝင်ကူညီ ဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်။

၇။ လူငယ်ပါတီဝင်ဦးရေ တိုးပွားလာစေရေးနှင့် ပါတီမိတ်ဆွေများရရှိရေး ကြိုးပမ်းဆောင် ရွက်ရန်။

၈။ လူငယ်များ ဒို့တာဝန်အရေးသုံးပါးကို အလေးအနက်ခံယူပြီး အမျိုးသားရေး စိတ်ဓာတ် အပြည့်အ၀ဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍများကို ဆောင်ရွက်လိုသော အသိ စိတ်ဓာတ်များ ထွန်းကားပြန့်ပွားလာစေရန်။

၉။ လူငယ်ထုတစ်ရပ်လုံး ပါတီ၏ မူဝါဒ၊ လုပ်ငန်းစဉ်များအပေါ် သက်ဝင် ယုံကြည်၍ ပူးပေါင်း ဆောင်ရွက်လာစေရန်။

No comments:

Post a Comment

back to top