Monday, July 7, 2014

ဂျာမနီအဓိပတိမာကယ် တရုတ်နိုင်ငံသို့ လာရောက်မည်

ဂျာမနီအဓိပတိ အိန်ဂျယ်လာ မာကယ်သည် ယခုသီတင်းပတ် အတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်မည်ဟု ဆင်ဟွာသတင်းဌာနက ယနေ့ဖော်ပြသည်။
အိန်ဂျယ်လာမာကယ်၏ ချစ်ကြည်ရေးခရီးစဉ်မှာ လေးရက်ကြာမြင့်မည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်၊ တရုတ်ဝန်ကြီးချုပ် လီခကျန်းတို့နှင့် တွေ့ဆုံသွားမည်ဟု တရုတ်အစိုးရဘက်မှ အတည်ပြုထားသည်။
ယခုခရီးစဉ်အတွင်၌ အိန်ဂျယ်လာမာကယ်သည် ဂျာမနီနိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ခိုင်မာသည့်ဆက် ဆံရေး တည်ဆောက်ထားနိုင်မှုကို ဆက်လက်ထိန်းသိမ်းမည့် အစီအမံများ အကောင် အထည်ဖော်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာ များကို ဆွေးနွေးသွားမည်ဟု သိရသည်။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တရုတ်ဝန်ကြီးချုပ် လီခကျန်းတို့ သည် ယမန်နှစ်က ဂျာမနီနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အိန်ဂျယ်လာမာကယ်နှင့် သဘော တူညီမှု ရယူခဲ့သော အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည့် စီမံကိန်းများကို အိန်ဂျယ်လာမာကယ် ၏ ခရီးစဉ်တွင် အပြီးသတ်သဘောတူညီမှု ရယူရန် ပြင်ဆင်နေကြောင်း တရုတ်မီဒီယာများက ဖော်ပြသည်။ တရုတ်နိုင်ငံသည် အာရှပစိဖိတ်ဒေသတွင် ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ယမန်နှစ်က အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၁ ဘီလီယံရှိခဲ့သည်။

No comments:

Post a Comment

back to top