Saturday, July 5, 2014

ကမ္ဘာ့ဖလား ပိတ်ပွဲအခမ်းအနားတွင် ဖျော်ဖြေမည့် ရှာကီရာ

Pop ဂီတကြယ်ပွင့် ရှာကီရာသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ မတိုင်ခင် ဖျော်ဖြေမှု အစီအစဉ်တွင် ပါဝင်မည်ဟု သိရှိရသည်။
ရီယိုဒီဂျနေရိုးတွင် ဇူလိုင်(၃)ရက်၌ ပြုလုပ်မည့် ဗိုလ်လုပွဲ မတိုင်မီ ကိုလံဘီယာ အဆိုတော် ရှာကီရာ ဖျော်ဖြေသီဆိုမည်ဖြစ်ပြီး Rapဂီတသမား ဝိုင်ကလက်ဖ်ဂျင်း၊ အလက်ဇန္ဒား ပီရက်စ်၊ ဂီတာသမား ကားလို့စ် ဆန်တာနာတို့လည်း ဖျော်ဖြေမှု အစီအစဉ်များ၌ ပူးပေါင်းပါဝင်ကြမည် ဖြစ်သည်။
(၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင်သီချင်း Waka Wakaကို သီဆိုခဲ့ဖူးသည့် ရှာကီရာသည် ယခုနှစ် ကမ္ဘာ့ဖလား ပိတ်ပွဲတွင် La La La (Brazil 2014) သီချင်းကို ဘရာဇီး အဆိုတော် ကာလင်ဟော့စ် ဘရောင်းနှင့်အတူ ဖျော်ဖြေသွားမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ကြေညာခဲ့သည်။
ကျွန်မရဲ့သီချင်း La La La ကို ကမ္ဘာ့ဖလား ပိတ်ပွဲအခမ်းအနားမှာ ဖျော်ဖြေခွင့်ရမှာဖြစ်တဲ့အတွက် အရမ်းစိတ်လှုပ်ရှား ပျော်ရွှင်နေမိပါတယ်”ဟု ရှာကီရာက ပြောကြားခဲ့သည်။ သူမက “ကျွန်မက ဘောလုံး အားကစားနဲ့ မဖြစ်မနေ ပတ်သက်မှုတွေ ရှိနေတာ အားလုံးလည်း အသိပါ။ ကမ္ဘာ့ဖလားဟာ လူတွေအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာကို သဘောပေါက်ပါတယ်။ ကျွန်မကိုယ်တိုင် အပါ အဝင်ပေါ့”ဟုလည်း ဆိုသည်။ ရှာကီရာ၏ ချစ်သူ ဂျရတ်ပီကေးမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် စပိန်လက်ရွေးစင် အသင်းမှ ကစားသမားတစ်ဦးဖြစ်သည်။

No comments:

Post a Comment

back to top