မင်္ဂလာသတင်းကြားဖို့ ဝေးဦးမယ်ဆိုတဲ့ မြင့်မြတ်
ဒရာမာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သော မင်းသားမြင့်မြတ်နှင့်
၎င်း၏ချစ်သူတို့ ချစ်သူသက်တမ်း သုံးနှစ်ကျော်လာပြီဖြစ်သော်လည်း မင်္ဂလာသတင်းကြားရန်ဝေးဦးမည်ဟု မြင့်မြတ်က ပြောသည်။ ‘‘ကျွန်တော်တို့ မင်္ဂလာသတင်းကတော့ ကြားရဖို့လိုဦးမှာပါ။
အခြေအနေတစ်ခုအပေါ်တော့ မူတည် ပါသေးတယ်။ အဲဒီ အခြေအနေလေးတွေ တည်ထောင်ပြီးမှပဲ
ကျွန်တော်တို့နှစ်ဦးအတွက် အဆင်ပြေ မှာပါ’’ဟု မြင့်မြတ်က ပြောသည်။
ကောင်းကောင်း၊ မြင့်မြတ်၊ အိုင်းရင်းဇင်မာမြင့်တို့သုံးဦးပေါင်းထွက်ရှိခဲ့သော‘‘ဘဝတစ်ကွေ့’’ စီးရီးကို ဗီစီဒီထုတ်မည်မဟုတ်ကြောင်း မြင့်မြတ်က ပြောသည်။ ဘဝတစ်ကွေ့အခွေအတွက် ကုန်ကျစရိတ်များကို ပါဝင်သောအဆိုရှင်သုံးဦးက အညီအမျှငွေကြေး ကုန်ကျခံကာထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘဝတစ်ကွေ့အခွေတွင် ပါဝင်ခဲ့သော အိုင်ရင်းဇင်မာမြင့် သီဆိုခဲ့သည့် ‘‘နှလုံးသားအရင်းအနှီး’’သီချင်းမှာ ပရိသတ်ကြား အောင်မြင်မှုရရှိခဲ့ပြီး အသံစွဲငင်အားကောင်းကောင်းဖြင့် သီဆိုနိုင်သော အဆိုတော် အိုင်းရင်းဇင်မာမြင့်အဖြစ် နာမည်ရခဲ့သော သီချင်းလည်းဖြစ်သည်။

No comments:
Post a Comment