Saturday, July 5, 2014

ချစ်စရာ ဟန်ပန်လေးတွေနဲ့ Orange Caramel Girl Band 

Orange Caramel Girl Band ဟာ တောင်ကိုရီးယား နိုင်ငံက K Pop အဖွဲ့တစ်ခုဖြစ်တဲ့ After School ရဲ့ အဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။ စုစုပေါင်း အဖွဲ့ဝင် သုံးဦးပါဝင်ပြီး အဖွဲ့ဝင်တွေ ကတော့ Nanaç Rainaç Lizzy တို့ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမူအရာ လေးတွေနဲ့ အရောင် ခပ်တောက်တောက် အဝတ်အစားတွေ ဝတ်ဆင်တတ်တာ ကတော့ Orange Caramel အဖွဲ့ရဲ့ သတ်မှတ်ချက် တစ်ခုလို ဖြစ်နေပါတယ်။ Pledis Entertainment မှ စင်တင် ပေးလိုက်တဲ့ အဖွဲ့ပါ။
Orange Caramel ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Nana ဟာ ၁၉၉၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ မွေးဖွား ခဲ့ပြီး အဖွဲ့ရဲ့ အဓိက အဆိုရှင် တစ်ယောက် ဖြစ်ပါတယ်။ အခြားနာမည်အဖြစ် Im Jin Ah လို့ သိရပါတယ်။ အနုပညာ လောကထဲမှာ Nana နဲ့ အရင်းနှီးဆုံး သူငယ်ချင်း တွေကတော့ SHINee Boy Band မှ Key နဲ့ Kara အဖွဲ့မှ အဖွဲ့ဝင်ဟောင်း Nicole တို့ပဲ ဖြစ်ပါတယ်။ Star King, ON! Faitin Korea, This is Magic အစရှိတဲ့ အစီ အစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။
နောက်ထပ် အဖွဲ့ဝင် တစ်ယောက်ကတော့ Raina အဖြစ် သိကြတဲ့ Oh Hye Rin ပဲ ဖြစ်ပါတယ်။ Raina ကို ၁၉၈၉ ခုနှစ် မေ ၇ ရက်မှာ မွေးဖွားခဲ့ပြီး အဖွဲ့ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ Pledis Entertainment ကို မရောက်မီက JYP Entertainment မှာ အဆို၊ အက လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သူပါ။ Rap အဆိုတော် San E နဲ့ အတူ A Midsummer Night's Sweetness အတွဲခွေ ထွက်ရှိခဲ့ပါတယ်။ Korea Gaon Chart မှာ နံပါတ် (၆) နေရာကို ရရှိခဲ့ပါတယ်။
အနုပညာ လောကမှာ အဆိုတော်အပြင် သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည် နေသူကတော့ Lizzy ပဲ ဖြစ်ပါတယ်။ All My Love ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပြီး သူ့ရဲ့ သရုပ်ဆောင်ချက် တွေကို ပရိသတ်က အသိအမှတ် ပြုပေးခဲ့ပါတယ်။ အဖွဲ့ထဲမှာ အငယ်ဆုံး အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး ၁၉၉၂ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ မွေးဖွားသူ ဖြစ်ပါတယ်။
အဆိုတော် Son Dambi ရဲ့ Saturday Night MV နဲ့ Teen Top Boy Band ရဲ့ Clap MV တို့မှာ သရုပ်ဆောင် ပေးထားပါတယ်။ ၂ဝ၁၂ ခုနှစ်မှာတော့ Rascal Sons ဇာတ်ကားမှာ စာရေးဆရာ တစ်ယောက် ဖြစ်ချင်တဲ့ ဇာတ်ကောင် Jin Yoo Ri နေရာကနေ ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။

No comments:

Post a Comment

back to top