Wednesday, July 2, 2014

ဘရာဇီးပွဲအတွက် ကိုလံဘီယာ ကစားသမားတွေ အသင့်ဖြစ်





ကွာတားဖိုင်နယ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အိမ်ရှင်ဘရာဇီးနဲ့ ကစားရမှာ ဖြစ်ပေမယ့် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကိုလံဘီယာ ကစားသမားတွေက ပြောကြားလိုက်ပါတယ်။
ဇူလိုင်(၄)ရက်မှာ ကစားမယ့် အဲဒီပွဲအတွက် လေ့ကျင့်နေကြတဲ့ ကိုလံဘီယာ အသင်းသားတွေဟာ လေ့ကျင့်ရေး အစီအစဉ်အပြီးမှာ သတင်းသမားတွေနဲ့ တွေ့ဆုံပြီး အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘီယာ တိုက်စစ်မှူး အက်ဒရီယန်ရာမို့စ်က ချန်ပီယံဆု (၅)ကြိမ်ရထားတဲ့အသင်း ဖြစ်သလို အိမ်ရှင်လည်းဖြစ်လို့ လေးစားရမှာ ဖြစ်ပေမယ့် ယှဉ်ပြိုင်ဖို့ ကြောက်ရွံ့နေမှာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ ကွင်းလယ်လူ ကားလို့စ်ဆန်းချက်ဇ်ကတော့ ”ဘရာဇီးမှာ နေမာက အဓိကကစားသမား ဖြစ်ပေမယ့် စွမ်းရည်ပြည့် ကစားသမားတွေကလည်း အများအပြားပါပဲ။ ဂရုစိုက်ကစားရမှာ မှန်ပေမယ့် တစ်သင်းလုံး စုစည်းမှုအပြည့်နဲ့ ကစားနိုင်ရင် ရလဒ်ကောင်းကို မျှော်လင့်နိုင်မှာပါ”လို့ ဆိုပါတယ်။ ကမ္ဘာ့ဖလားကို (၅)ကြိမ်မြောက် ပါဝင်ကစားခွင့်ရတဲ့ ကိုလံဘီယာဟာ ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာဖြစ်ပြီး လူငယ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကလည်း ပြိုင်ပွဲတစ်လျှောက် (၅)ဂိုး သွင်းယူကာ ခြေစွမ်းပြနေပါတယ်။

No comments:

Post a Comment

back to top