ရန်ကုန်မှာနွှဲမယ့် ဖြူဖြူကျော်သိန်း တစ်ကိုယ်တော်ပွဲ
ရော့ခ်အဆိုတော်
ဖြူဖြူ ကျော်သိန်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာမည့်နိုဝင်ဘာ၁ရက်တွင်
ရန်ကုန်မြို့ကမ်းနားဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘လုပ်ချင်နေတာတော့ ကြာ ပြီ။ ဒီရက်မှာ အဆင်ပြေလို့ လုပ် ဖြစ်တာပေါ့နော်။
ပရိသတ် ကလည်း မျှော်နေတာ ကြာပြီဆိုတော့လေ’’ ဟု ဖြူဖြူကျော်သိန်းကပြော သည်။
ယခု တစ်ကိုယ်တော်ဖျော် ဖြေပွဲသည် ငါးကြိမ်မြောက်ဖြစ်ပြီး
လေးကြိမ်မြောက်တစ်ကိုယ် တော်ဖျော်ဖြေပွဲကို ၂၀၁၀ပြည့်နှစ်၊အောက်တိုဘာတွင်
အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်ခဲ့သည်။ ဖြူဖြူကျော်သိန်း၏ တစ်ကိုယ်တော်
ဖျော်ဖြေပွဲများကို ၂၀၀၆၊ ၂၀၀၇ ၊၂၀၀၈ ခုနှစ်တို့တွင် ကျင်းပခဲ့ဖူး သည်။
တစ်ကိုယ်တော်ဖျော်ဖြေ ပွဲတွင် Lazy Club တီးဝိုင်းနှင့် တွဲဖက်
သီဆိုမည်ဖြစ်ပြီး အကအဖွဲ့Jade Dragon လည်း ပါဝင်မည်ဖြစ်သည်။ ပွဲနှင့်
ပတ်သက်သော ကျန်အကြောင်းအရာ များကို ပွဲကျင်းပခါနီးမှ ကြေ
ညာပေးသွားမည်ဖြစ်ကြောင်း ဖြူဖြူကျော်သိန်းက ပြောသည်။
‘‘ဖြူဖြူကိုယ်တိုင်ပုံစံအသစ် တစ်ခုဖြစ်မှာ ဖြစ်တဲ့အတွက် စိတ်
လှုပ်ရှားတယ်။ ပရိသတ်တွေ အ တွက်လည်း အမြင်သစ်တစ်ခုဖြစ် မှာပါလို့။ ပွဲကတော့
တခြားအရင် လုပ်လေ့ရှိတဲ့ပွဲနဲ့မတူတဲ့ ပုံစံတစ် ခုတော့ဖြစ်မယ်။
ကိုယ့်ကိုယ်ကိုယ်လည်း လေးနှစ်ကြားထဲမှာ အများ
ကြီးပြောင်းလဲသွားခဲ့တာရှိတယ်။ ဒီပွဲမှာတော့ ပရိသတ်အတွက်
လည်းစိတ်ကျေနပ်မယ်၊ ကိုယ်ကိုယ် တိုင်လည်းစိတ်လှုပ်ရှားစရာဖြစ် နိုင်မယ်လို့
ယုံကြည်တယ်’’ဟု ဖြူဖြူကျော်သိန်းကပြောသည်။၎င်း၏ ငါးခွေမြောက်အယ် ဘမ်လ်‘‘နာမည်ကျန်နေရစ်မယ်’’ အခွေကို သြဂုတ်(သို့) စက်တင်ဘာတွင် ထွက်ရှိနိုင်ရန်ပြင်ဆင်နေ ကြောင်း သိရသည်။

No comments:
Post a Comment