Saturday, July 5, 2014

What's With This Family သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းတွဲ၌ နမ်ဂျီဟွမ် ပါဝင် သရုပ်ဆောင်မည်

တောင်ကိုရီးယား မင်းသမီးချော နမ်ဂျီဟွမ်သည် KBS ရုပ်သံ(၂)က ရိုက်ကူးမည့် What's With This Family ဟု အမည် ပေးထားသော သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ရိုက်ကူးမည့် ရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း  သိရသည်။
What's With This Family ရုပ်သံ ဇာတ်လမ်းတွဲတွင် မင်းသမီး နမ်ဂျီဟွမ်နှင့် အတူ ZE:A  အဆိုအဖွဲ့မှ အဆိုတော် ဟွမ်ဆစ်ခ်နှင့် ဆိုကန်ဂျွန်တို့ ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။
အနုပညာသက်တမ်း ကြာမြင့်နေပြီဖြစ်သော ဝါရင့် သရုပ်ဆောင်များနှင့် အတူ သရုပ်ဆောင်ခွင့်ရသည့် အတွက် ဝမ်းသာမိကြောင်း၊၎င်းဇာတ်လမ်းတွဲတွင် မိမိအား နေရာ တစ်နေရာပေးသည့် ဒါရိုက်တာနှင့် စာရေးဆရာကို ကျေးဇူးတင် ရှိကြောင်း၊ မိမိ၏ ဇာတ်ကောင်အတွက် အကောင်းဆုံး ကြိုးစားသွား မည် ဖြစ်ကြောင်း ဟွမ်ဆစ်ခ်က ပြောကြားခဲ့သည်။
ထို့အတူ မင်းသမီး နမ်ဂျီဟွမ်ကလည်း ဝါရင့် သရုပ်ဆောင်များ ထံမှ သရုပ်ဆောင် ပညာများကို အနီးကပ်သင်ယူ လေ့လာခွင့် ရသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ ကလေး သရုပ်ဆောင်ဘဝမှ လူငယ် သရုပ်ဆောင် အဖြစ်သို့ တက်လှမ်းနေသည့် သူမ အတွက် What's With This Family ဇာတ်လမ်းတွဲသည် လှေကားထစ် တစ်ခုဖြစ် သောကြောင့် ကြိုးစား၍ သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 What's With This Family ဇာတ်လမ်းတွဲကို သြဂုတ် ၁၆ ရက်တွင် Very Good Days  ဇာတ်လမ်း တွဲ နေရာ၌  အစားထိုး ထုတ်လွှင့် ပြသ မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top