““အွန်လိုင်းအချက်အလက် သိုလှောင်မှုနဲ့ ပတ်သက်ပြီး ဥပဒေ ချမှတ်လိုက်ပြီဖြစ်သည့် ရုရှားနိုင်ငံ””
ရုရှားနိုင်ငံ အောက်လွှတ်တော်ဟာ နိုင်ငံသားတွေရဲ့ အွန်လိုင်းမှာတင်ထားတဲ့ ပုဂ်္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေက ထိန်းသိမ်းနိုင်မယ့် ဥပဒေတစ်ရပ်ကိုပြဌာန်း လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ ရုရှားအောက်လွှတ်တော်ဟာ
ရုရှားနိုင်ငံသားတွေ အွန်လိုင်းမှာတင်ထားတဲ့ ပုဂ်္ဂိုလ်ရေးဆိုင်ရာ
အချက် အလက်တွေကို အင်တာနက်ကုမ္ပဏီတွေကနေ တစ်ဆင့်ရယူနိုင်မယ့် ဥပဒေတစ်ရပ် ကို
ပြဋ္ဌာန်းလိုက်ပြီဖြစ်ပါတယ်။
ဒီဥပဒေဟာ အထက်လွှတ်တော်နဲ့ သမ္မတ ““ပူတင်””ထံတင်ပြပြီးမှသာ
အပြီးသတ် အတည်ပြုပြ ဋ္ဌာန်းနိုင်မှာဖြစ်ပါတယ်။ ဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းပါက
လာမယ့် (၂၀၁၆)ခုနှစ်၊ စက်တင်ဘာလမှာ စတင်အသက်ဝင်မှာဖြစ်ပြီး အစိုးရဟာ
ဒီဥပဒေကို အသုံးပြုပြီး လိုက်နာမှု မရှိတဲ့ အင်တာနက်စာမျက်နှာတွေကို
ပိတ်ပင်နိုင်မှာဖြစ်ပါတယ်။
ကရင်မလင်နန်းတော် ကတော့ ဒီလို ဥပဒေပြဋ္ဌာန်းမှုဟာ
နိုင်ငံသားတွေရဲ့အချက်အလက်တွေကို
ကာကွယ်ပေးဖို့ဖြစ်တယ်လို့ ပြောကြားထားပေမယ့် တွစ်တာနဲ့ ဖေ့စ်ဘွတ်တို့လို
အင်တာနက် လူမှုကွန်ယက်တွေကို ထိန်းချုပ် ချင်တာကြောင့် အခုလို
ဥပဒေပြဋ္ဌာန်းတာဖြစ်တယ် ဆိုတဲ့ ဝေဖန်မှုတွေ လည်းမြင့်တက်နေပါတယ်။
ရုရှားသမ္မတ““ဗလာဒီမာပူတင်”” ပြီးခဲ့တဲ့(၂၀၁၂)ခုနှစ်က သမ္မတတာဝန်ပြန်လည်
ထမ်းဆောင်မှုကို ကန့်ကွက်ဆန္ဒပြသူတွေဟာ အင်တာနက် လူမှုကွန်ယက်တွေကို
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြ ပါတယ်။ ရုရှားအစိုးရဟာ
ဒီလိုအသုံးပြုမှုတွေကို ပိတ်ပင်တားမြစ်တာမျိုးတွေ လုပ်ချင်တာကြောင့်
ဒီဥပဒေကို အခုလိုပြဋ္ဌာန်းလိုက်တာဖြစ်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း
ထွက်ပေါ်နေပါတယ်။
No comments:
Post a Comment