နိုင်ငံတကာ ဆေးဝါးဆိုင်ရာ ကုန်စည်ပြပွဲနှင့် ဟောပြောပွဲ ကျင်းပမည်
မြန်မာနိုင်ငံ
ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များ၊ လုပ်ငန်းရှင်များ အသင်းနှင့် VEAS
တို့ပူးပေါင်း၍ ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ ဆေးဝါးဆိုင်ရာ
ကုန်စည်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို
ဇူလိုင် ၁ဝ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့
မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ
ဒေါက်တာ ဝင်းစည်သူက ပြောကြားခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၁၇
နိုင်ငံ၏ ဆေးကုမ္ပဏီပေါင်း ၄၈ ခုမှ ဆေးဝါးနှင့် ကျန်းမာရေး ဆိုင်ရာ ဆက်စပ်ပစ္စည်းများကို ပြ ခန်းပေါင်း မြောက်မြားစွာ ပြသသွား မည် ဖြစ်ပြီး
မြန် မာနိုင်ငံ ပြည် သူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးဝါးဆိုင်ရာ
လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသူများ ဗဟုသုတ ရရှိစေရန်နှင့်
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ မြင့်မားလာစေရန် နိုင်ငံတကာမှ
ဆေးပညာရှင်များက ၎င်းတို့၏ လုပ်ငန်း
အတွေ့အကြုံများ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ
ဟောပြောပွဲများ ကိုလည်း ကျင်းပ သွားမည် ဖြစ်သည်။
ပြပွဲသို့ လာရောက် လေ့လာသူများကို တီဗွီ၊
ရေခဲသေတ္တာ၊ အဝတ်လျှော်စက်စသော Lucky Draw များ မဲနှိုက် ပေးသွား မည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့်
လုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမှူး ဒေါက်တာ သင်းနွယ်ဝင်းက
ပြောကြားခဲ့သည်။
No comments:
Post a Comment