Wednesday, July 23, 2014

ရိုက်ဒါ ပြိုင်ပွဲအတွက် အမေရိကန် အသင်းခေါင်းဆောင် ၀က်ဆန် လေ့ကျင့် ပြင်ဆင်

အမေရိကန် ဂေါက်သီးရိုက် အသင်းခေါင်းဆောင် တွမ်ဝက်ဆန်ဟာ စက်တင်ဘာလမှာ ယှဉ်ပြိုင်ရမယ့် ရိုင်ဒါပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အသက်(၆၅)နှစ် ရှိနေပြီဖြစ်တဲ့ ၀က်ဆန်ဟာ ဗြိတိန်အိုးပင်း ချန်ပီယံဆုကို (၅)ကြိမ်ထိ ရယူနိုင်ခဲ့သူဖြစ်ပြီး ရိုက်ဒါဖလား ပြိုင်ပွဲအတွက် အမေရိကန် အသင်းဖော်တွေဖြစ်တဲ့ ကီးဂန်းဘရက်ဒလေ၊ ဂျင်ဖရက်တို့နဲ့အတူ ပြိုင်ပွဲကျင်းပမယ့် စကော့တလန်က ဂလီနီဂဲလ်စ် ဂေါက်ကလပ်မှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။ ဥရောပအသင်းနဲ့ အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကြတဲ့ ရိုက်ဒါဖလား ပြိုင်ပွဲဟာ (၂)နှစ်(၁)ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး အခုကျင်းပမယ့်ပွဲဟာ အကြိမ်(၄၀)မြောက် ကျင်းပမယ့်ပွဲလည်း ဖြစ်ပါတယ်။ ၀က်ဆန်အနေနဲ့ လွန်ခဲ့တဲ့(၂၁)နှစ်က ကျင်းပခဲ့တဲ့ ၁၉၉၃ရိုက်ဒါဖလားပွဲမှာ အမေရိကန်အသင်းကို ဦးဆောင်ပြီး ဥရောပအသင်းကို အနိုင်ရခဲ့သလိုမျိုး ဒုတိယအကြိမ် စွမ်းဆောင်နိုင်ဖို့ အခုလို ပြင်ဆင်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment

back to top