Wednesday, July 2, 2014

ယခုနှစ် ကုန်ပိုင်းတွင် မြန်မာ့လေကြောင်း လိုင်းမှ ပြည်ပ ခရီးစဉ်များ အဖြစ် တရုတ် ထိုင်ဝမ် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ ပျံသန်းနိုင် ရန် စီစဉ်

၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာ့ လေကြောင်းလိုင်းမှ ပြည်ပ ခရီးစဉ်များအဖြစ် တရုတ်၊ ထိုင်ဝမ် တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ ပျံသန်းနိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာ့လေကြောင်း လိုင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မြန်မာ့လေကြောင်း လိုင်းသည် နိုင်ငံတကာသို့ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်း နိုင်ရေးအတွက် စီစဉ်လျက်ရှိပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ နိုင်ငံတော် ဘတ်ဂျက် ပြင်ပတွင် ရပ်တည်၍ ဝင်ငွေ ရှာဖွေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ် များ တိုးချဲ့ပြေးဆွဲရန်အတွက် ယခုနှစ် ငှားရမ်းမည့် ဘိုးအင်း လေယာဉ်များကိုလည်း နိုင်ငံတော် ဘတ်ဂျက်ဖြင့် ငှားရမ်းခြင်း မဟုတ်ဘဲ ဌာနပိုင်ဝင်ငွေဖြင့်သာ ငှားရမ်းခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ပြည်ပနိုင်ငံများသို့ ပုံမှန်ခရီးစဉ်များ ပျံသန်းနိုင်ရန် အမေရိကန်နိုင်ငံ (GECAS) ကုမ္ပဏီမှ Avia Solution အကြံပေး အဖွဲ့အား ငှားရမ်းထားပြီး မြန်မာ့လေကြောင်း လိုင်းတာဝန် ရှိသူများ၊ အင်္ဂလန်နိုင်ငံမှ ကိုယ်စားလှယ်များ၊ အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ် များပါဝင်သော ဆွေးနွေးပွဲ (Conference Call) ကိုလည်း အပတ်စဉ် အွန်လိုင်းတွင် ကျင်းပလျက် ရှိကြောင်း သိရသည်။
မြန်မာ့လေကြောင်း လိုင်းသည် ပြည်တွင်း လေဆိပ်မြို့ ၂၆ မြို့နယ်သို့ ခရီးသည်နှင့် ကုန်စည် များကို ပို့ဆောင်ပေး လျက်ရှိပြီး နေ့စဉ်ခရီးစဉ်များ အဖြစ် နေပြည်တော်၊ မန္တလေး၊ ကော့သောင်းနှင့် မြိတ်မြို့များ သို့ လေယာဉ် ၁ဝ စင်းဖြင့် ပျံသန်းပေးလျက် ရှိကြောင်းနှင့် ၂ဝ၁၅ ခုနှစ်မှ စတင် ရောက်ရှိ လာမည့် ပြည်ပမှ ငှားရမ်း ထားသော ဘိုးအင်း လေယာဉ် ၁ဝ စင်းသည် ပြည်ပ ခရီးစဉ်များ တိုးချဲ့ပျံသန်းနိုင်ရန် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top