မြန်မာနိုင်ငံ စားသောက်ကုန် လုပ်ငန်းရှင်များ အသင်းမှ 10th ASEAN SKILL Competition 2014 ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်မည်
၂ဝ၁၄ ခုနှစ်
အောက်တိုဘာ ၁၉ ရက်မှ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့်
10th ASEAN SKILL Competition 2014 သို့ မြန်မာနိုင်ငံ စားသောက်ကုန်
လုပ်ငန်းရှင်များ အသင်းမှ Cooking Skills နှင့် Restaurant Service Skills
တို့ကို သွားရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ သွားရောက်
ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့်
မြန်မာနိုင်ငံ စားသောက်ကုန် လုပ်ငန်းရှင်များ အသင်းမှ ကျင်းပသည့်
စားသောက်ဆိုင် ဝန်ဆောင်ခြင်း၊ ကျွမ်းကျင်မှုနှင့် အစားအစာ ချက်ပြုတ်မှု
ပြိုင်ပွဲကို (၁ဝ) ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ ၂ဝ၁၄
အကြိုပြိုင်ပွဲများ အဖြစ် ဇူလိုင် ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင်
ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ် သည်။
ပြိုင်ပွဲများတွင် ကျွမ်းကျင် ပညာရှင်
စုစုပေါင်း ကိုးဦးနှင့် အသက် ၂၂ နှစ်အောက်ပြိုင်ပွဲ ဝင်သူ ကိုးဦးတို့အား
ပဏာမရွေးချယ် စခန်းသွင်း လေ့ကျင့်ပြီး ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။
နောက်ဆုံး အဆင့် အောင်မြင် သူများသည် (၁ဝ) ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှု
ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန်အတွက်
မြန်မာနိုင်ငံ လုပ်သားများ ''စံ'' သတ်မှတ် ပြဋ္ဌာန်းရေး အဖွဲ့မှ
စရိတ်အကုန် အကျခံ စေလွှတ်သွားမည် ဖြစ်သည်။ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌
စားသောက်ဆိုင် ဝန်ဆောင်မှုနှင့် အချက် အပြုတ် ကျွမ်းကျင်သူ မည်သူ
မဆိုဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ကျွမ်းကျင် ပညာရှင်များအတွက် အနည်း ဆုံး
လုပ်သက် ၁ဝနှစ်နှင့် အထက်ရှိပြီး သင်ကြားရေး အတွေ့အကြုံရှိသူ၊
ပြိုင်ပွဲဝင်မည့် သူများ အတွက် အသက် ၂၂ နှစ်အောက် လုပ်သက် အသင့်အတင့်ရှိသူ
သို့မဟုတ် သက်ဆိုင်ရာ သင်တန်း ဆင်းထား သူများ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment