Wednesday, July 2, 2014

အင်္ဂါဂြိုဟ်ကိုစေလွှတ်ဖို့ လူစီးပန်းကန်ပြားပျံတွေကို စမ်းသပ်နေ တဲ့"နာဆာ"


အနာဂတ်မှာ အင်္ဂါဂြိုဟ်ကိုစေလွှတ်ဖို့ လူစီးအာကာသယာဉ်အသစ်အဖြစ် ပန်းကန်ပြားပျံတွေကို နာဆာ အဖွဲ့ကစမ်းသပ်နေတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ယခုလအတွင်းမှာ ရာသီဥတုအခက် အခဲတွေကြောင့် နှောင့်နှေးခဲ့ရတဲ့နာဆာရဲ့ လူစီးအာကာသယာဉ်သစ်ဟာ စနေနေ့ကဟာဝိုင်ရီအခြေစိုက် အမေရိကန်ရေတပ်စခန်းမှ စတင်ပျံသန်းခဲ့တယ်လို့သိရပါတယ်။
LDSD လို့ အမည်ပေးထားတဲ့ယာဉ်ကို အနာဂါတ်မှာအာကာသယာဉ်မှူးတွေပါဝင်မယ့် အင်္ဂါဂြိုဟ်ဆင်းနည်း ပညာကို စမ်းသပ်နိုင်ဖို့အတွက် ဒေသခံတော်ချိန် (၈)နာရီ(၄၅)မိနစ်မှာ ကောင်းကင်သို့ ဧရာမမိုးပျံဘောလုံး တစ်လုံးနဲ့ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ (၁၁)နာရီခန့်မှာတော့ စမ်းသပ်ယာဉ်ကို မြေပြင်သို့လွှတ်ချခဲ့ပြီးတော့ ပန်းကန်ပြားပျံသဏ္ဍာန် LDSD ယာဉ်ပျံဟာကမ္ဘာမြေပြင်မှ မိုင်(၂၀)အထက်ကနေ စတင်ဆင်းသက်ခဲ့ ပါတယ်။
ဒိုးနပ်ပုံသဏ္ဍာန် အရှိန်လျှော့ကိရိယာဟာ ဆင်းသက်ချိန်မှာစတင်အလုပ်လုပ်မှာဖြစ်ပြီး နာဆာရဲ့ယာဉ်ပျံကို ပန်းကန်ပြားပျံပုံစံနဲ့ ဆင်တူသွားစေခဲ့ပါတယ်။ ဒါပေမယ့်လည်းဆင်းသက်ချိန်မှာ အသင့်ပြင်ထားတဲ့လေထီး ကတော့ မျှော်လင့်ထားသလိုမပွင့်ခဲ့ဘူးလို့ နာဆာကပြောကြားခဲ့ပါတယ်။ လွှတ်ချလိုက်ပြီး မိနစ်(၃၀)အကြာမှာတော့ အဆိုပါယာဉ်ပျံဟာ ပစိဖိတ်သမုဒ္ဒရာထဲကိုထိုးကျသွားခဲ့ပြီး စမ်းသပ်မှုပြီးဆုံး ခဲ့ပေမယ့် နာဆာကတော့သူတို့ရဲ့စမ်းသပ်မှုဟာ အောင်မြင်တယ်လို့ကြေငြာခဲ့ပါတယ်။

No comments:

Post a Comment

back to top