တောင်တွင်းကြီး- မင်းလှ RBE စာပို့ ရထား ဇူလိုင် ၂၇ ရက်တွင် စတင်ပြေးဆွဲမည်
ဧရာဝတီတံတား(မလွန်)အား ၂ဝ၁၃ ခုနှစ် မေ ၁၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မေ ၁၂ ရက်မှစ၍ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသရှိ မင်းလှမှ ဧရာဝတီမြစ် အရှေ့ဘက် ခြမ်း ဒေသရှိ တောင်တွင်းကြီးသို့ မြန်မာ့မီးရထားမှ အမှတ်(၁၉၃)အဆန်၊ (၁၉၄)အစုန် စာပို့ ရထား များ ပြေးဆွဲပေးခဲ့သည်။
အမှတ်(၁၉၃)အဆန်၊ (၁၉၄)အစုန်ရထားတွင် ခရီးသည်စီးနင်းမှုအရေအတွက်နည်းပါး သဖြင့် ၂ဝ၁၃ ခုနှစ် သြဂုတ် ၃ ရက်မှစ၍ ရထားပြေးဆွဲခြင်းကိုရပ်ဆိုင်းထားခဲ့ရာ ဒေသခံ ခရီးသွားပြည်သူများ ခရီးသွား လာမှု လွယ်ကူအဆင်ပြေစေရေးအတွက် မြန်မာ့မီးရထားမှ အဆိုပါ တောင်တွင်းကြီး-မင်းလှ ခရီးစဉ်အား ဇူလိုင် ၂၇ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲ တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
No comments:
Post a Comment