မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ ကိုယ်ပိုင် CALL CENTER တစ်ခု တည်ဆောက်မည်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) သည် ၎င်း၏ ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့်မြှင့်တင်ရန်နှင့် မြန်မာ့ ဆက်သွယ်ရေး မိုဘိုင်းလ် ဖုန်းလိုင်းများကို အသုံးပြုရာတွင် အခက် အခဲများ ကြုံတွေ့လာပါက အကြံဉာဏ်ပေးကာ ကူညီဖြေရှင်း ပေးနိုင်စေ ရန် ရည်ရွယ်ချက်ဖြင့် MPT Private Call Center တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်သွားရန် စီစဉ် ထားကြောင်း သိရသည်။
ထိုသို့ စီစဉ် ဆောင်ရွက်ခြင်းသည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ၎င်း၏ Telecom လုပ်ငန်းကဏ္ဍကို ပိုမို ကောင်းမွန်လာစေရန် အတွက် လုပ်ဆောင်သွားမည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်များ၏ ပထမခြေလှမ်း ဖြစ်ကြောင်း သိရသည်။
မကြာမီ အခြားသော အော်ပရေတာ ကုမ္ပဏီများနှင့် ယှဉ်ပြိုင် လုပ်ကိုင်ရာတွင်လည်း အဆိုပါ Call Center မှတစ်ဆင့် ဖုန်းအသုံးပြုသူများအား အချိန်အခါ မရွေး အကူအညီ ပေးနိုင်စေရန် ရည်ရွယ်ထားကြောင်း၊ ဝန်ဆောင်မှု အသစ်များနှင့် ပတ်သက်၍ စုံစမ်း သိရှိလိုပါကလည်း အဆိုပါ Call Center သို့ အလွယ်တကူ ဆက်သွယ် မေးမြန်းနိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည။်
No comments:
Post a Comment