Wednesday, July 23, 2014

ကျေးရွာ ၆ဝဝဝ ကျော်၌ အင်တာနက် အခမဲ့ သုံးစွဲ နိုင်ရန် စီစဉ် လျက်ရှိ

မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာ ၆ဝဝဝ ကျော်၌  အင်တာနက် အခမဲ့ သုံးစွဲနိုင်ရန်အတွက် E-village Center များကို ယခုနှစ်အတွင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
E-village Center များကို ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး မြို့နယ် နှင့်ဝေးကွာ သည့် ကျေးရွာများ၌ အစောဆုံး ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ စတင် ဖွင့်လှစ်သောနေ့မှ တစ်နှစ်တိတိ အခမဲ့ သုံးစွဲခွင့် ပေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များထံက သိရသည်။
အဆိုပါ စင်တာဖွင့်လှစ်ပေးမည့် ကျေးရွာပေါင်း ၆ဝဝဝ ရှိ E-village Center တစ်ခု၌ ကွန်ပျူတာ ခြောက်လုံး ခန့် ထားရှိပေးသွားမည် ဖြစ်ကြောင်း၊ ယင်းတပ်ဆင်ပေးမည့် ကွန်ပျူတာများတွင် အင်တာနက်လိုင်းများ ချိတ်ဆက် ပေးထားသည့်အပြင် WiFi  စနစ် သုံးစွဲနိုင်ရန်အတွက် ဖြန့်ကြက် ပေးသွားမည်ဖြစ်ကာ ကျေးရွာ တစ်ခု၌ စင်တာတစ်ခု ထားရှိပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို စတင်အကောင်အထည် ဖော်နေပြီဖြစ်  ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၆ဝဝဝ ကျော်၌ E-village Center ဖွင့်လှစ်နိုင် ရန်အတွက် ဂျပန်နိုင်ငံ (JTEC) အဖွဲ့ အစည်းမှ ငွေကြေး ထောက်ပံ့ခဲ့ခြင်း ဖြစ်ပြီး ကွန်ပျူတာ လုပ်ငန်းရှင်များမှ နည်း ပညာ ပံ့ပိုးထားကြောင်း သိရသည်။ 

No comments:

Post a Comment

back to top