ဘူတာ ၁၅ ခု၌ ကွန်ပျူတာ အသုံး ပြု၍ လက်မှတ် ရောင်းချမှု စနစ် မြန် မာ့ မီးရထားမှ ပုဂ္ဂလိက နှင့် ပူးပေါင်း ဆောင်ရွက်မည်
နိုင်ငံတော်၏
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်လျက် ရှိရာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား အနေဖြင့်
ခရီးသည်များ ခရီးသွားလာမှု အဆင်ပြေ လွယ်ကူစေရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်
ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကွန်ပျူတာ အသုံးပြု၍ လက်မှတ်
ရောင်းချမှုစနစ် (Computerized Tick-eting System) ကို ဘူတာ ၁၅ ခု၌
ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏
ပြောကြားချက်အရ သိရ သည်။
မြန်မာ့မီးရထား လုပ်ငန်းမှ ခရီးသည်များ
ခရီးသွားလာမှု အဆင်ပြေ လွယ်ကူစေရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်
ပူးပေါင်း၍ ရေနွေးငွေ့စက်ခေါင်းဖြင့် ပြည်ပဧည့်သည်များအား
ခရီးသွားဝန်ဆောင်မှု ပေး သည့် လုပ်ငန်းများ၊ လမ်းများ၊ ဘူတာများ၊ ရထားတွဲများ
စသည့် မြန်မာ့မီးရထား လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်
ပူးပေါင်း လုပ်ကိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခု
အခါတွင် လည်း မြန်မာ့မီးရထား အနေဖြင့် ရန်ကုန်မြို့ပတ် ရထားများနှင့်
ဆင်ခြေဖုံး လမ်းပိုင်းများ တွင် ပြေး ဆွဲနေသော ရထားများ၌ ခရီးသည်များ
လက်မှတ်ဝယ်ယူမှု ပိုမိုလွယ်ကူ အဆင်ပြေ နိုင်ရေး အတွက် ကွန်ပျူတာ အသုံးပြု၍
လက်မှတ် ရောင်းချမှုစနစ် (Computerized Tick- eting System) ဖြင့်
ဆောင် ရွက် ရန် စီစဉ်လျက် ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယင်းသို့ ဆောင်ရွက်ရန်အတွက်
လက်ရှိအချိန်တွင် ကွန်ပျူတာ အသုံးပြု၍ လက်မှတ် ရောင်းချမှုစနစ်
(Computerized Tick-eting System) ဖြင့် ဆောင်ရွက်ရန် စိတ်ပါဝင်စားသော
ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို
အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်၍ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းစတင်
လုပ်ကိုင်ရာတွင် အဓိကဘူတာ ၁၅ ခု၌ စတင် အကောင်အထည်ဖော် ဆောင်ရွက်သွား
မည်ဖြစ်ပြီး လုပ်ကိုင်ခွင့်သက်တမ်း သုံးနှစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း
မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
No comments:
Post a Comment