ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၇) အင်းစိန်မြို့နယ်တွင်ဖွင့်
ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်
အင်းစိန်မြို့နယ် ကမ်းနားလမ်းအလယ် ဖန်စက်လမ်းရှိ ပြည်ခိုင်ဖြိုးမြို့နယ် ရုံးခန်းမ၌
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေါးပတီ ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း
အမှတ်စဉ်(၇) ဖွင့်ပွဲကို ဇူလိုင်လ(၂၂) ရက်နေ့နံနက်က ကျင်းပရာ မြောက်ပိုင်းခရိုင်ခေတ္တအတွင်းရေးမှူး
ဦးကျော်တင့်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
သင်တန်းသို့
မြောက်ပိုင်းခရိုင်အတွင်းရှိ လှည်ကးမြို့နယ်၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊
လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ တိုက်ကြီးမြို့နယ်တို့မှ သင်တန်းသား
၈၁ ဦးတက်ရောက် သည်။ မြောက်ပိုင်းခရိုင် ခေတ္တအတွင်းရေးမှူးက သင်တန်းသားများအား မိမိအရပ်ဒေသနှင့်
လိုက်လျောညီထွေဖြစ် စေမည့် စည်းရုံးရေးမှူးများအဖြစ်ဆောင်ရွက်ကြရန် မိမိလေ့လာမှုနှင့်
သင်တန်းမှပို့ချသော သင်ခန်းစာများပေါင်းစပ် ပြီး လက်တွေ့နယ်ပယ်တွင် အောင်မြင်မှုရရေးဆောင်ရွက်ကြရန်
အမှာစကားပြောကြားသည်။ သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ပြီး မကြာမီကာလတွင် သင်တန်းဆင်များလက်တွေ့
ကွင်းဆင်းလုပ်ဆောင်ကြရမည်ဖြစ် ကြောင်း သိရသည်။
No comments:
Post a Comment