Thursday, July 3, 2014


ပည်ခိုင်ဖြိုးပါတီလူငယ်တွေ့ဆုံပွဲနှင့် တာဝန်ပေးအပ်ပွဲ ပြင်ဦးလွင်မြို့နယ်တွင် ကျင်းပ



မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ် တွေ့ဆုံပွဲနှင့် တာဝန် ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် (၁) ရက်နေ့ နံနက်(၁၀) နာရီက ရပ်ကွက်ကြီး (၁) ယူနန်ဘုံကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ မြိုနယ်ကြံ့ခိုင်ရေးအတွင်း ရေးမှူး ဦးကျော်ကျော်စိုးနှင့် အမှုဆောင်များ ဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု စည်းရု့းရေးမှူး ပါတီဝင်အင်အား ၅၀၀တို့ဖြင့် နံနက် ၉ နာရီတွင် ပြင်ဦးလွင် ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့မှ စတင်၍ မန္တလေး- လားရှိုးကားလမ်း ဈေးလေးအ ၀ိုင်းမှ ချီတက်ကြရာ အခမ်းအနားကျင်းပရာ ယူနန်ဘုံကျောင်းသို့ ရောက်ရှိကြကြောင်း သိရသည်။


အစီအစဉ်အရ မင်္ဂလာအချိန်တွင် အခမ်းအနားဖြင့် နိုင်ငံတော်အလံကို အလေးပြုကြပြီး ပြည်ခိုင်ဖြိုးပါတီ လူငယ် မောင်မယ်များက ပါတီသီချင်း နှစ်ပုဒ် နှင့် သီဆိုဖွင့်လှစ်လျက် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က အမှာစကားပြောကြပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့် က မိမိတို့ ပါတီသည် နိုင်ငံတော် ဦးဆောင်နေသည့် ပါတီဖြစ် ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံးဆောင်ပုဒ်နှင့်အညီ ရပ်ကွက်၊ ကျေးရွာ များ၌ ဒေသခံပြည်သူများနှင့် တွေ့ထိဆက်ဆံရာတွင် ပါတီဝင်တစ်ဦးချင်းနှင့် အများစုချင်းအရ ဘက်စုံ လှုပ်ရှား အနီးကပ်ဆုံး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အားကစားကအစ ပုံဖော်စည်းရုံး တတ်ရန်နှင့် သားတို့သမီးတို့အား ယုံကြည်မှုအပြည့်အ၀ရှိကြောင်း မှာကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဦးဌေးလွင်အောင် က လူငယ် တွေ့ဆုံပွဲနှင့် လူငယ်တာဝန်ပေးအပ်ပွဲ ကျင်းပ ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရပ်ကွက်၊ ကျေးရွာ၊ နယ်မြေ(၁)မှ (၅) အထိ လူငယ်မောင်မယ်ငါးဦးတို့က လူငယ်စာတမ်းများ ဖတ်ကြား တင်ပြခြင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပါတီတာဝန်ပေးအပ် ခြင်းနှင့် လူငယ်အထိမ်းအမှတ် အလံအပ်နှင်းခြင်း၊ လူငယ်မောင်မယ်များက ကတိစ္စာပြုခံယူကြပြီး အခမ်း အနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

No comments:

Post a Comment

back to top