Thursday, July 3, 2014

လူငယ်တွေ့ ဆုံပွဲ နှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ဆောင်ရွက်


တံတားဦးမြို့ နယ် ပြည် ခိုင် ဖြိုး ပါတီ လူငယ်တွေ့ ဆုံပွဲ နှင့်တာဝန်
ပေးအပ်ပွဲ အခမ်းအနား အား (၂ .၇ .၂၀၁၄) ရက်နေ့ နံနက် ( ၉ ) နာရီ က တံတားဦး အင်းဝ ခန်းမ တွင် ကျင်းပဆောင်ရွက်ခဲ့သည်……

အခမ်းအနား တွင် ပြည်ခိုင်ဖြိုး လူငယ်ပါတီဝင်များက ပြည်ခိုင်ဖြိုး တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး
ပါတီကော်မတီဝင် ကျောက်ဆည်ခရိုင်နယ်မြေတာဝန်ခံ ဦးသန်းထွန်း 
့မှ အမှာစကား ပြောကြားခဲ့ကာ ခရိုင်ကော်မတီဝင် လူငယ်ရေးရာ ကဏ္ဍ တာဝန်ခံ ဒေါ်သိင်္ဂီအောင် မှ လူငယ်ရေးရာဆိုင်ရာများ ရှင်းလင်း
ခဲ့သည်……
ထို့ နောက် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းထွန်း က လူ
ငယ် ဝတ်စုံများပေးအပ် ဆင်မြန်းပေးကာ ခရိုင်ကော်မတီဝင် ,မြို့ နယ်
တာဝန်ခံ ဦးစောဝင်း မှ ပြည်ခိုင်ဖြိုး လူငယ်များထံ လူငယ်အလံပေး
အပ် ခဲ့သည်……
လူငယ်နှစ်ဦး မှ လူငယ် နှင့် အနာဂါတ် နိုင်ငံတော် , လူငယ် နှင့် အရပ်ဖက် အဖွဲ့ အစည်းများ စာတမ်းများအား ဖတ်ကြားခဲ့ကြပြီး အခမ်းအနား ကို နံနက် (၁၀:၃၀ ) အချိန် တွင် ကြွေးကြော် သံများဖြင့် အောင်မြင်စွာ ဆောင်ရွက် ပြီးစီး ခဲ့သည်……
အဆိုပါ အခမ်းအနားသို့  တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ , မြို့ နယ် ပါတီ ယာယီဥက္ကဌ , အတွင်းရေးမှူး နှင့်ကော်မတီဝင်များ , စည်းရုံး
ရေး မှူးများ နှင့် လူငယ်ပါတီဝင်များ အင်အား (၆၅၀) ခန့် တက်ရောက်
ခဲ့ကြောင်း သိရှိရသည် ………




No comments:

Post a Comment

back to top