Saturday, July 5, 2014

ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာ ကျောင်းတိုက်၊ အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာတေဇမှ ဦးဆောင်၍ လပွတ္တာမြို့၊ လပွတ္တလုပ်(တောင်) ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ် စေတီတော် (၂၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်း တိုက်၊ အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာတေဇမှ ဦးဆောင်၍ ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာမြို့၊ လပွတ္တလုပ်(တောင်) ကျေးရွာ အုပ်စု၊ ဘုရားကြီး ကုန်းကျေးရွာ၊ မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ် စေတီတော် (၂၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကို ဇွန်လ (၂၈) ရက် ညနေ (၃) နာရီ အချိန်က ပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်ဦး၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆ န္ဒနယ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာသိန်းစိုး၊ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဦး၊ လပွတ္တာခရိုင် / ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လပွတ္တာ မြို့နယ်/ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှု ဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများ၊ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ တက်ရောက် ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး သန်လျင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် နိုင်ငံတော် သြ၀ါဒဒရိယ ဘဒ္ဒန္တ စန္ဓိမာ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး နှင့် အလှူရှင်များ တက်ရောက်လာကြသော တပည့်ဒါယကာ၊ ဒါယိကာမများက ဆရာတော် သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နတ်စင်တရာဆရာတော် ဘဒ္ဒန္တပညာတေဇနှင့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး တို့က ကျောင်းဝတ်စုံ (၄၀၀)၊ ကျားဝတ် (၂၀၀)၊ မ၀တ် (၂၀၀) အားပေးအပ်လှူဒါန်းရာ လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် လပွတ္တာခရိုင် အမျိုးသမီး ရေးရာ အဖွဲ့တို့မှ တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် သန်လျင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် နိုင်ငံတော် သြ၀ါဒ စရိယ ဘန္ဒန္တ စန္ဓိမာထံမှ ရေစက်ချတရား နာယူကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top