ဗဟိုကော်မတီဝင် ပညာရေးအသုံးစရိတ် ကြီးကြပ်ရေး အစည်းအဝေး တက်ရောက်
ကယားပြည်နယ် ပညာရေးဌာန၏ ၂၀၁၄-၂၀၁၅ ခုနှစ် အသုံးစရိတ် ခွဲဝေ သုံးစွဲရေးဆိုင်ရာအတွက် ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းခြင်း အစည်းအဝေးကို လွိုင်ကော်မြို့၊ ချိကယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ (၃-၇-၂၀၁၄) ရက် နေ့လည် (၁း၃၀) အချိန်က ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူမှ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့သည်။
အလားတူ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးကျော်မြင့်သည် ယင်းနေ့ နံနက် (၉း၀၀)အချိန် လွိုင်ကော်မြို့ အလက (၃)ကျောင်း၌ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ကြီးကြပ်မှုကော်မတီဝင် အဖြစ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment