Mobile Banking စနစ်အသုံးပြုသူများ ဟန်းဆက်ပြောင်းသုံးပါက သက်ဆိုင်ရာ CB ဘဏ်သို့ အ ကြောင်းကြားရန် လိုအပ်
CB ဘဏ်မှ ဝန်ဆောင်မှု ပေးလျက်ရှိသော မိုဘိုင်းလ်ဖုန်း မှတစ်ဆင့် ငွေလွှဲပြောင်း ပေးပို့နိုင်သည့်
Mobile Banking စနစ် ကို အသုံးပြုသူများ
အနေဖြင့် အကြောင်းတစ်စုံတစ်ရာကြောင့် ၄င်းတို့၏ လက်ကိုင် ဟန်းဆက်များကို
ပြောင်းလဲ အသုံးပြုလျှင်ဖြစ်စေ ၊ ဖုန်းပျောက်ဆုံးသော အခါတွင် ဖြစ်စေ
သက်ဆိုင်ရာ CB ဘဏ်သို့ အကြောင်းကြားရန် လိုအပ်ကြောင်း အဆိုပါဘဏ်မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
Mobile Bankingစနစ်သည်
ဆွစ်ဇာလန်နိုင်ငံရှိ Temenos Banking Software ကုမ္ပဏီမှ တီထွင် ထားသော
နောက်ဆုံးပေါ်အဆင့်မြင့် IT နည်းပညာများကို အသုံးပြု ထားသောကြောင့် လုံခြုံ
စိတ်ချ ရပြီး ကာယကံရှင်မှအပ အခြားသူများ အလွယ်တကူ အသုံးမပြု နိုင်စေရန်
စီစဉ် ဆောင်ရွက် ထားသော်လည်း ဖုန်းပြောင်းလဲ အသုံးပြုသော အခါ လိုအပ်သော
Software Setting များ လုပ်ဆောင် ပေးနိုင်စေ ရန်အတွက် CB ဘဏ်သို့
အကြောင်းကြားရန် လိုအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ Mobile
Banking စနစ် အသုံးပြုသူဦးရေ စုစုပေါင်း တစ်သောင်း ကျော်ရှိပြီး အဆိုပါ
စနစ်ကို အသုံးပြုရာ တွင် ငွေလွှဲပို့မည့်သူနှင့် ငွေလက်ခံမည့် သူများ၌
Account များ အသီးသီး ရှိနေရန် လိုအပ်သည်။ ယင်း Account များကို နီးစပ်ရာ
CB ဘဏ်ခွဲ အားလုံး နီးပါး တွင် ပြုလုပ် ပေးလျက်ရှိပြီး ဆက်လက်၍ CB
ဘဏ်အနေဖြင့် အဆိုပါ Mobile Banking စနစ်ကို နိုင်ငံ တစ်ဝန်းလုံးရှိ
မိုဘိုင်းလ်ဖုန်း အသုံးပြု နိုင်သော နေရာ ဒေသတိုင်း၌ ဝန်ဆောင်မှု
ပေးနိုင်စေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း www.myawady.net.mm တွင် ဖော်ပြ ထားပါသည်။
No comments:
Post a Comment