Monday, July 21, 2014

မျက်စိဝေဒနာရှင်များ အခမဲ့စမ်းသပ်စစ်ဆေးကုသသည့်အခမ်းအနားမှ မုဒိတာစကားများ



သူရဦးရွှေမန်း 

(ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)

လိုအင်ဆန္ဒကောင်းကျိုးပြည့်ဝ ကြပါစေလို့ ဦးစွာဂါရဝပြု နှုတ် ခွန်းဆက်စကားပြောပါတယ်။
ဒီနေ့အဓိကပြုလုပ်တဲ့အခမ်း အနားကတော့ မျက်စိအလင်းရောင် ရရှိရေးအတွက် မြန်မာပြည်သူလူထု ကြီးထဲကသူတွေမျက်စိအလင်းရောင် ရရှိရေးအတွက် ဆရာတော်က ဦးဆောင်ဦးရွက်ပြုလုပ်တဲ့ပွဲဖြစ်ပါ တယ်။ ဒီပွဲမှာလဲဆရာတော်အနေနဲ့ ပညာအလင်းရောင်၊ Omဏ်အလင်း ရောင်ရရှိရေးကိုလဲဦးစွာပထမ ဆုံးမ တရားများဟောကြားပေးခဲ့တယ်။
မိမိတို့ဒီနေရာကနေပြီးတော့ ဆရာတော်နဲ့သက်ဆိုင်သူများနှင့် မေတ္တာစေတနာရှင်များနဲ့ မြန်မာ နိုင်ငံသားများ မျက်စိအလင်းရောင် နှင့်ပညာအလင်းရောင်၊ ဘဝအလင်း ရောင်တို့ ဆက်လက်ပေးစွမ်းပြီး အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ပါဝင်ဆောင်ရွက် ရပါမယ်။ 
ဦးဆောင်ဆောင်ရွက်တဲ့နေရာ မှာပါဝင်ဖို့ ကုသိုလ်ရှင်များ၊ အလှူ ခံများရော အားလုံးပြည့်စုံဖို့လိုပါ တယ်။ ငွေကြေး၊ အလှူရှင်နဲ့ မျက်စိဝေဒနာရှင်များကို ခွဲစိတ်ပေး မယ့်ပညာရှင်များလဲလိုပါတယ်။ မျက်စိအလင်းရောင်လို ဘဝအလင်း ရောင်ရရှိခြင်းဟာ ပိုပြီးအရေးကြီး ပါတယ်။ ဒါကြောင့် ဘဝအလင်း ရောင်ရရှိရေးကို မိမိတို့မြန်မာနိုင်ငံ သားများရရှိအောင် ဆောင်ရွက် ပေးခြင်းဟာ ပြည်ထောင်စုသမ္မတ နိုင်ငံတော်၊ ပြည်ထောင်စုတိုင်းရင်း သားများအားလုံး ပြည်ထောင်စု ကြီးနဲ့အတူ ဖွံ့ဖြိုးတိုးတက်အောင် မျက်စိအလင်းရောင်မှသည် ဥာဏ် ပညာအလင်းရောင်ရရှိရေးအတွက် ဆောင်ရွက်ပေးကြဖို့နဲ့ ကျန်တဲ့ နိုင်ငံသားအားလုံးကလဲ မျက်စိ အလင်းရောင်နဲ့ ဘဝအလင်းရောင် ရရှိပြီး မိမိတို့လိုလားတောင့်တတဲ့ အရာရာပြည့်စုံကြပါစေ။
---------------------------------------------------------------------

ဦးခင်အောင်မြင့် (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ)

ပြည်ထောင်စုလွှတ်တော်နာယ ကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အလှူရှင်ဒေါက်တာ ခင်ရွှေ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအထွေထွေ အတွင်းရေးမှူးဦးမောင်မောင်သိမ်း၊ ပါတီမှပုဂ္ဂိုလ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီလုပ်ငန်းမှာအဓိကပါဝင်ဆောင် ရွက်ပေးတဲ့မျက်စိအထူးကုဆရာဝန် ကြီးဒေါက်တာအေးထွန်းနှင့်ဆရာ ဝန်ကြီးများ၊ သာသနာရေးဝန်ကြီး နှင့်အတူ တက်ရောက်လာသော မျက်စိဝေဒနာရှင်များအားလုံးဟာ စက္ခုအလင်းကောင်းစွာရရှိပြီးတော့ သံသရာမှလွတ်မြောက်နိုင်ကြပါ စေကြောင်း မေတ္တာပို့နှုတ်ခွန်းဆက် သပါတယ်။
ဒီနေ့အလှူဟာအလွန်ကြီးမြတ် တဲ့အလှူဖြစ်ပါတယ်။ ရန်ကုန် တိုင်းတစ်တိုင်းလုံးကိုတစ်ချိန်တည်း တစ်ပြိုင်တည်း မျက်စိဝေဒနာရှင် တွေစုစည်းပြီးတော့ကုသပေးဖို့ဆို တာ အတော်ကြီးမားတဲ့လုပ်ငန်း ကြီးဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီး ပြီးမြောက်ဖို့စေတနာသုံးတန်အလွန် ကြီးမားပါတယ်။ လူတွေဟာ ငွေ ချမ်းသာတိုင်းလဲ လှူချင်မှလှူတာ။ အလှူရှင် ဒေါက်တာခင်ရွှေဆိုတာ ကျွန်တော်တို့အမျိုးသားလွှတ်တော် ဒုက္ခသည်များကူညီစောင့်ရှောက် ရေးအသင်းကပါ။ ဒီကော်မတီ ကိုဖွဲ့စည်းခဲ့တာ တစ်နှစ်ရှိပါပြီ။ ဒီတစ်နှစ်အတွင်းမှာ ရခိုင်ဒေသ၊ ကရင်၊ မွန်ဒေသ၊ ချင်း၊ ကချင် စသည့်ဒေသအားလုံးမှာလှည့်လည် ပြီးကူညီနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီနေ့မျက်စိကုသဖို့ ဦးစီးဆောင် ရွက်တဲ့ဆရာတော်ဟာ တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဓမ္မဘဏ္ဍာ ဂါရိကဆိုတာတော့ စာထောက် ကင်းမဲ့မှရတဲ့ ပုဂ္ဂိုလ်မျိုး၊ တိပိဋက ရတိုင်း ဘဏ္ဍာဂါရိက မရဘူး။
ဒါကလဲ မျက်စိကောင်းလို့၊ အလင်းရောင်ကောင်းလို့ရတာဆို တာ မလွဲပါဘူး။ ဆရာတော်က ဂျပန်အစိုးရကလှူဒါန်းတဲ့ မျက်စိ ဆေးရုံကြီးကို အစဉ်တစိုက်လုပ် မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ဆောင် ရွက်နေပါပြီ။ ဆောင်ရွက်နေတဲ့ အတွက် ဇေကမ္ဘာဦးခင်ရွှေကလဲ သဒ္ဓါတရားကြီးမားစွာနဲ့လှူဒါန်း ပါတယ်။ ဒီလိုလှူဒါန်းတဲ့အခါမှာ ရန်ကုန်တိုင်းတစ်တိုင်းလုံးကစေတ နာရှင်တွေ စုစည်းဖို့၊ ကုသပေးဖို့၊ ပို့ဆောင်ပေးဖို့ အစစအရာရာ ဆောင်ရွက်ရတာဟာပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကပါ။ ဒီပါတီကနေအသေးစိတ်စီမံဆောင် ရွက်ပေးတဲ့အတွက် ဒီနေ့အောင်ပွဲ ကြီး၊ ကြီးမားတဲ့အောင်ပွဲကြီးပါ။ စက္ခုနှစ်ကွင်းအလင်းရခြင်းဟာ ဆရာတော်ပြောသွားသလို ဘဝ အလင်းရောင်ပါ။ အလင်းရောင် ဆိုတာအဝိဇ္ဇာဖယ်ရှားဖို့ပါ။ အဝိဇ္ဇာ ဆိုတာမသိမှုပါ။ သိဖို့အတွက် သစ္စာလေးပါးတရားကို သိရပါ မယ်။ ဒါကိုသိဖို့အတွက် ဘုရား စာကိုဖတ်နိုင်ဖို့လိုပါတယ်။ တရား နာဖို့လဲလိုသလို စာဖတ်နိုင်ဖို့လဲလို ပါတယ်။ ဒီလိုစာဖတ်ပြီးတော့မှ၊ လက်တွေ့ကျင့်ကြံအားထုတ်ပြီးတော့ သံသရာကိုကူးဖြတ်နိုင်မှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီစက္ခုအလင်း ရောင်ဟာ ကြီးမြတ်တဲ့အလှူဖြစ်ပါ တယ်။ နောက်တစ်ပိုင်းက လူမှု ရေး၊ စီးပွားရေးအားလုံး မျက်စိက အရေးကြီးဆုံး၊ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးမှာ မျက်စိက အဓိကကျတယ်။
လူမှုရေးလုပ်ငန်းတွေလုပ်နိုင် မယ်။ စီးပွားရေးလုပ်နိုင်မယ်။ ကျွန်တော်တို့ပါတီ ဒီလိုအလင်း ရောင်သုခ၊ အလင်းရောင်ဒါနကို လုပ်နေတာကြာပါပြီ။ပါတီကစပြီး လုပ်တာဖြစ်ပါတယ်။ နှစ်ပေါင်း များစွာကြာပါပြီ။ တချို့နေရာတွေ မှာဆိုလို့ရှိရင် ဘုရားကိုဖူးချင်လိုက် တာဆိုပြီးပြောတယ်။ မဖူးရတာ ကြာပြီဆိုတဲ့သဘောရှိတယ်။ တစ် ခါကမျက်စိမကောင်းတဲ့လင်မယား နှစ်ယောက်ရှိတယ်။ မျက်စိခွဲပြီးတဲ့ အခါ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး။ အဘိုးကြီးကမေးတယ်။ မင်းကဘယ်သူလဲ၊ အဘွားကြီးက မေးတယ် မင်းကဘယ်သူလဲဆိုပြီး မေးကြတာ၊ အသံပြန်မှတ်မိပြီး ငါတို့ပဲဆိုပြီး ပြန်မှတ်မိတယ်။ တော်တော်လေးစိတ်ချမ်းသာစရာ ကောင်းတဲ့ အနေအထားရှိတယ်။ ဒီမျက်စိကြောင့် ဖြစ်ရတဲ့ဝေဒနာ တွေပျောက်ကင်းတာ တော်တော် လေးစိတ်ချမ်းသာပါတယ်။
အခုဆိုရင် ဆရာတော်ပန်ကြား သလို (၁၅)ကြိမ်မြောက် ဒီဒါန ကြီးကိုလုပ်ခဲ့တာပါ။ ဝေဒနာရှင် ၆ဝဝဝ လောက်ကုသပေးတယ်။ မျက်မှန်တပ်ရုံလောက်နဲ့၊ တချို့က ဆေးစားရုံလောက်နဲ့၊ တချို့က ခွဲစိတ်ပေးရတယ်။ စက္ခုအလင်း ရောင်တွေရအောင်၊ မျက်စိရောဂါတွေထပ်မဖြစ်အောင် အသိပညာ တွေပြုလုပ်တဲ့အတွက် အလွန်လဲ ပီတိဖြစ်ပါတယ်။ ကျွန်တော်ငယ် ငယ်ကကြားဖူးတဲ့ သီချင်းတစ် ပုဒ်လိုပဲ ပြည်သူလူထုကို အလင်း ရောင်ပေးတာ တို့အသံ။ အသံက အလင်းရောင်မပေးနိုင်ဘူး။ ပြည်သူ လူထုကို အလင်းရောင်ပေးတာ တို့ပါတီပဲ၊ ပြည်ခိုင်ဖြိုးပါတီပဲ။
----------------------------------------------------------------

ဦးမောင်မောင်သိမ်း
(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး)

ဆရာတော်ရဲ့ ဦးဆောင်မှုနဲ့ အလှူဒါနပြုတဲ့ မျက်စိအလင်းရောင် ကိုရရှိအောင် ဆောင်ရွက်ပေးတဲ့ မျက်စိခွဲစိတ်ကုသတဲ့ အခမ်းအနား ဟာ အင်မတန်ကြီးမားတဲ့ အလှူ ဒါနကြီးဖြစ်ပါတယ်။ ဒီအလှူဒါန ကြီးမှာကျွန်တော်တို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့ မျက်စိဝေဒနာရှင်ပြည်သူတွေကို စည်းရုံးစုစည်းပြီးတော့ ပါဝင် ဆောင်ရွက်ခွင့်ရတဲ့အတွက်ဂုဏ် ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့ ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူ တွေရဲ့လိုအပ်ချက်ဖြစ်တဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု အနေအထားမှာ အမြဲပါဝင်ပြီး ဆောင်ရွက်လျက်ရှိ ပါတယ်။ အသင်းဘဝထဲမှာ ပြည် သူတွေရဲ့လိုအပ်တဲ့ ပညာရေး၊ စီး ပွားရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သောက်သုံးရေ ရရှိမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ဖို့ အထောက်အကူပြုတဲ့လုပ် ငန်းတွေ၊ ကျေးလက်မီးလင်းရေး လုပ်ငန်းတွေ၊ ဒီလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ခဲ့ပါတယ်။အသင်းကနေအခြေခံပြီးတော့ ပါတီအဖြစ်ပြောင်းလဲ ပြီးနောက်မှာ လဲ ဒီလုပ်ငန်းတွေကိုဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့ ပြည်သူတွေရဲ့ မျက်စိအလင်းရောင် ရရှိတဲ့နေ့မှာ ဝိုင်းဝန်းပြီးကူညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ မျက်စိ ဝေဒနာရှင်ပြည်သူတွေကိုလည်း စောင့်ရှောက်ခွင့်ရတဲ့အတွက် ပြည် သူတွေကို ကျေးဇူးတင်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် ပြည်သူတွေရဲ့လို အပ်ချက်၊ ပြည်သူတွေရဲ့ကျန်းမာ ရေး အလင်းရောင်ဖော်ဆောင်ပေး တဲ့လုပ်ငန်းတွေမှာ စဉ်ဆက်မပြတ် ပြည်သူတွေကို ကူညီစောင့်ရှောက် အားပေးသွားပါမယ်။
----------------------------------------------------------------

ဒေါက်တာခင်ရွှေ 
(အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ)
ဒီပွဲ ဖြစ်မြောက်ရေးအတွက် အဓိကအားကြိုးမာန်တက်ကူညီ ဆောင်ရွက်ပေးတဲ့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန် တိုင်းမှာရှိတဲ့ လေးခရိုင်နဲ့ အထူးသဖြင့် မင်္ဂလာဒုံမှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကို အထူးကျေးဇူး တင်ရှိပါတယ်။ ဒီပွဲဖြစ်အောင် ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ အစည်းအဝေးလုပ်ရပါတယ်။ လူနာ တွေဘယ်လိုစုရမလဲ၊ ဘယ်လို သယ်ရမလဲ၊ ဘယ်လိုကျွေးမွေးကြ မလဲ။ ခွဲပြီးလူနာကို ညဒီမှာအိပ် မယ်။ နောက်အမှိုက်သိမ်းတာက အစ၊ အိမ်သာသန့်ရှင်းရေးကအစ အကုန်လုံးအစစအရာရာ စီစဉ်ပြီး တော့မှ ဒါဖြစ်မြောက်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပထမ နေ့မှာ လူ ၁ဝဝဝ လောက်ကြည့် မယ်လို့စီစဉ်ထားပေမယ့် လူ ၇ဝဝ လောက်ပဲကြည့်နိုင်တဲ့အနေအထား ဖြစ်တဲ့အတွက်ကြောင့် ပိုတဲ့လူက တဖြည်းဖြည်းနဲ့ပိုလာပြီး ကြည့်နိုင် တဲ့အင်အား၊ တချို့ဆိုမကြည့်လိုက် ရလို့ပြန်သွားတဲ့ ပုဂ္ဂိုလ်တွေလဲရှိ ပါတယ်။ ဆရာဝန်အနေနဲ့ စစ် ဆေးရုံကနေ ထပ်ဖြည့်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖြိုးစေတနာ ကိုလဲထပ်ဖြည့်ပါတယ်။ SSC ၊ ပင်လုံကဆရာဝန်တွေလဲ ထပ်ဖြည့် ပါတယ်။ ဒါပေမယ့် ဖြည့်ရင်းနဲ့ လာတဲ့လူနာတွေကများလို့ ၁ဝဝ ရာခိုင်နှုန်းမဖြစ်တာကို တောင်းပန် ပါတယ်။ မနေ့ကထိ လူပေါင်း ၂၉၆၃ ဦးကိုကြည့်ပြီး ဖြစ်ပါ တယ်။ ခွဲစိတ်ဖို့အတွက်ကတော့ ၃၇၄ ဦးစမ်းသပ်ပြီး ခွဲစိတ်ပြီးတာ ၃၁၆ ဦးဖြစ်ပါတယ်။ ခွဲစိတ်ရန် ရှိတဲ့ ၅၈ ဦးကို ဒီနေ့ ဆက်ခွဲပါ တယ်။ ဒီနေ့ဆိုလူပေါင်း ၁ဝဝဝ ကျော် ကြည့်မှာဖြစ်တဲ့အတွက် အားလုံးလူပေါင်း ၄ဝဝဝ ကျော်ပဲ ရှိနိုင်ပါတယ်။ မှန်းထားတာက ၆ဝဝဝ ကျော်ကြည့်ဖို့ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ သုံးမျိုးခွဲပါတယ်။ ကြည့်ပြီး ဆေးပေးကုသရတာပါ။ ဒုတိယခွဲစိတ်ရန်မလိုဘဲနဲ့ မျက်မှန် အနီးမှုန်၊ အဝေးမှုန်မျက်မှန်တပ်ပြီး ဆောင်ရွက်ပေးတဲ့နည်းပါ။ မျက်မှန် ကိုမနေ့က ၉၉၁ လက် တပ်ပေးပြီး ဖြစ်ပါတယ်။ ဒီနေ့ဆို ၁၂ဝဝ လောက်ရှိသွားပြီလို့ ထင်ပါတယ်။ ဒါကြောင့်မျက်မှန်တပ်တာနဲ့ ခွဲစိတ် တာဆက်ပြီး ဆောင်ရွက်နေပါ တယ်။ ဆရာဝန်တွေကလဲ ဆရာ အေးထွန်းအပါအဝင် မြန်မာနိုင်ငံ မှာ အကောင်းဆုံးဆရာဝန်ကြီး တွေပါ။ နောက်ထပ်လဲပြန်စုပြီး ရန်ကုန်မြို့အပါအဝင် တိုင်းဒေသ ကြီးနဲ့ပြည်နယ်အကုန်လုံး ကချင်၊ ရှမ်း၊ အညာဒေသကိုလဲ သွားဖို့ရှိပါ တယ်။ မျက်စိခွဲစိတ်တဲ့အခန်းတွေ၊ အဲကွန်းတပ်တဲ့ကုန်ကျစရိတ်အား လုံးဆိုရင်ကျပ်သိန်း ၂ဝဝဝ လောက် ကုန်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ လေးခရိုင်ကလာဖို့အတွက် ဝတ်စုံ တွေ၊ မီးသတ်တွေ၊ မိခင်ကလေး တွေအားလုံးလေးခရိုင်ကို ကုန်ကျ စရိတ်အနေနဲ့ ကျပ်သိန်း ၄၇ဝ လှူဒါန်းဖို့ဖြစ်ပါတယ်။ ဒီ ငါးရက် မှာမနက်စာ၊ ညနေစာ အပါအဝင် လူပေါင်း ၂၃ဝ၇ဝ ကို ကျွေးပြီး ဖြစ်ပါတယ်။ အဲဒီအတွက် ကျပ် ၄၆၂ သိန်းသုံးခဲ့ပါတယ်။ ဒီနေ့ဆို မျက်စိဆရာဝန်ကြီး ဂါရဝပြုတာ သူ့ရဲ့ပစ္စည်းအတွက် သိန်း ၂ဝဝ လောက်မှန်းထားတဲ့အတွက် ဒီပွဲရဲ့ ကုန်ကျစရိတ်မှန်းတာ ကျပ် ၃၁၃၂ သိန်းမှန်းပါတယ်။ ပြီးခဲ့တဲ့ အပတ်က အမျိုးသားလွှတ်တော်မှာ စာတမ်းတင်ပါတယ်။ ဒီနှစ်လ သုံးလနဲ့ လှူဒါန်းငွေဟာ ကျပ်သိန်း ၆၇ဝဝ ရှိသွားပါပြီ။ ကုမ္ပဏီအနေ နဲ့လဲ ပြီးခဲ့တဲ့နှစ်က လှူဒါန်းတာ သိန်းပေါင်း ၃၉ဝဝဝ ရှိပြီး ဒီနှစ် ဇူလိုင်အထိလှူဒါန်းတာ ကျပ်သိန်း ပေါင်း ၁၇ဝဝဝ ကျော်ပါပြီ။ ကျွန်တော်သေတဲ့အခါမှာ နောင်တ မရချင်ပါဘူး။ ဒါကြောင့်လှူဒါန်းမှု အစုစုကို လှူခြင်းဖြစ်ပါတယ်။ အခုလဲကုမ္ပဏီဖွဲ့ထားပြီး ပြီးခဲ့တဲ့ နှစ်ရှစ်လပိုင်းကဖွဲ့ပါတယ်။ နာမည် က ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကုမ္ပဏီပါ။ အဲ့ဒီအတွက်လဲ ကျွန်တော်လုပ်ရ ကျိုးနပ်ပါတယ်။

No comments:

Post a Comment

back to top