Monday, July 21, 2014

ICT PRODUCTS, SOLUTIONS & EDU FAIR 2014 ကျင်းပမည်

ရန်ကုန်တိုင်း ဒေသကြီး  ကွန်ပျူတာ ပညာရှင်များ အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ICT  Products, Solutions & Edu Fair 2014 ပြပွဲကို ဇူလိုင်၂၅ ရက် မှ ၂၇ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် မြန်မာနိုင်ငံ၏ Mobile နှင့် IT  ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ IT နည်းပညာကို စိတ်ဝင်စားသော  ကျောင်းသား ကျောင်းသူများအား ကွန်ပျူတာ ပစ္စည်းများ၊ ကွန်ပျူတာ ဆက်စပ် အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရွန်နစ် ပစ္စည်းများ၊ ဆက်သွယ်ရေး ကိရိယာများ၊ Mobile နည်းပညာနှင့် ဆက်စပ် ပစ္စည်းများ၊ ကွန်ပျူတာ အသုံးချ ဆော့ဖ်ဝဲလ် နည်းပညာများကို ပြခန်းပေါင်း ၁၂ဝခန့်ဖြင့် တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာ နိုင်စေရန် ရည်ရွယ်၍သော် လည်းကောင်း၊ နိုင်ငံ တော်မှ ချမှတ်ထားသော ဈေးကွက် စီးပွားရေး စနစ်အား တစ်စိတ်တစ်ဒေသ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍သော် လည်းကောင်း၊ ICT Products, Solutions & Edu Fair 2014 ပြပွဲကို ကျင်းပရန် စီစဉ်ရခြင်း ဖြစ်ကြောင်း  မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ သိရသည်။

အဆိုပါပြပွဲတွင် ယခင်ပြပွဲများနှင့် မတူဘဲ Products Zone, Solutions Zone နှင့် Educations Zone  ဟူ၍ သုံးမျိုးခွဲခြား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
Products Zone တွင် နောက်ဆုံးပေါ် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ၊ Mo-bile နှင့် IT နယ်ပယ်မှ  အီလက်ထရွန်နစ် ကုမ္ပဏီများကို လည်းကောင်း၊ Solutions Zone တွင် Online Banking အပါအဝင် ICT Solutions များကို လည်းကောင်း၊ Educations Zone တွင်  နိုင်ငံတကာ အဆင့်မီ ကွန်ပျူတာ သင်တန်းကျောင်းများကို လည်းကောင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top