ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တွင် လူမှုရေးသိပ္ပံ ဘာသာရပ်အား နိုင်ငံတကာ တက္ကသိုလ်များနှင့် တန်းတူ အဆင့်မြှင့်တင် သင်ကြားပေးမည်
ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တွင် သင်ကြားနေသည့် လူမှုရေးသိပ္ပံ ဘာသာရပ် အား နိုင်ငံတကာ တက္ကသိုလ်များနှင့် တန်းတူ အဆင့်မြှင့်တင် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်မှ တာဝန်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ ပညာရှင်များနှင့် နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခများ ဇူလိုင်လ တတိယပတ် အတွင်းက ရန်ကုန် တက္ကသိုလ်တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆွေးနွေးရာတွင် နိုင်ငံတကာ ပညာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Open Society အဖွဲ့လည်း ပါဝင်ခဲ့ကြောင်း၊ အဆိုပါ အဖွဲ့သည် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ် အဆင့်မြှင့်တင်ရေး အတွက် ကူညီ ဆောင်ရွက်နေသည့် အဖွဲ့လည်း ဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့အစည်းသည် ရန်ကုန် တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ ပြီးခဲ့ သည့် နှစ်နှစ်အတွင်း တက္ကသိုလ်များတွင် နိုင်ငံရေးသိပ္ပံ၊ သတင်းစာပညာ၊ အခြေခံဥပဒေ ပညာ၊ လူမှုဗေဒ၊ လူ့အခွင့်အရေး ဗေဒပညာရပ်များ နိုင်ငံတကာ အဆင့်သို့ မြှင့်တင်နိုင်ရန် ဆောင်ရွက်နေေ ကြာင်း သိရသည်။
No comments:
Post a Comment