Thursday, July 3, 2014

မေဂျာလိဂ်အသင်းသစ် အော်လန်ဒိုစီးတီးနဲ့ ကာကာစာချုပ်






အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းနဲ့ နှစ်ဖက် သဘောတူစာချုပ် ဖျက်သိမ်းခဲ့တဲ့ ဘရာဇီးကွင်းလယ် လူဟောင်း ကာကာဟာ အမေရိကန် မေဂျာလိဂ်ကလပ်အသင်းသစ် အော်လန်ဒိုစီးတီးနဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
(၂၀၀၇)ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ ကာကာကို ခေါ်ယူမှုဟာ လာမယ့်နှစ်မှာ မေဂျာလိဂ်ကို ယှဉ်ပြိုင်ခွင့်ရမယ့် အော်လန်ဒိုစီးတီးရဲ့ ပထမဆုံး ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။ အေစီ မီလန်မှာ နှစ်ကြိမ်တိုင် ကစားခဲ့တဲ့ ကာကာဟာ စပိန်ကလပ် ရီးရဲလ်မှာလည်း ကစားသမား ဘ၀ကို ဖြတ်သန်းခဲ့ပါသေးတယ်။ ဒါပေမဲ့ စီးရီးအေအသင်းနဲ့အတူ (၇)ရာသီ ကျင်လည်ခဲ့ပြီး (၃၀၇)ပွဲ ကစားကာ (၁၀၄)ဂိုးထိ သွင်းယူပြီး အောင်မြင်မှု အများအပြား ရခဲ့တာကြောင့် သူ ၀တ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် (၂၂)ကို အခြား အသင်းတွေမှာ မ၀တ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပေမယ့် အိမ်ရှင်အဖြစ် ကျင်းပတဲ့ ပြိုင်ပွဲမှာ ပါဝင်ခွင့် မရခဲ့တဲ့ ကာကာဟာ မေဂျာလိဂ်ပွဲ မကစားမီမှာ လူငယ် ကစားသမားဘ၀ ကျင်လည်ရာ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းဆီ အဌား သွားကစားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top