ချမ်းမြသာစည်၌ ပြည်ခိုင်ဖြိုး လူငယ်တာဝန်ပေးအပ်
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လူငယ် တာဝန်ပေးအပ်ပွဲကို
ဇွန်လ ၃၀ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် မနော်ဟရီလမ်းနှင့် ၆၈
လမ်းထောင့်ရှိ သစ္စာနွယ်ခန်းမ၌ ကျင်းပရာ
တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး
ဦးဝင်းမောင်နှင့် ကော်မတီဝင် ဦးအောင်ဇံ၊ ဦးသောင်းဝေ၊ ဦးတင်ထွန်းနှင့်
ဦးမျိုးမြင့်၊ လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းလှနှင့် ဦးထွန်းဝင်း၊
ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ် အတွင်းရေးမှူး
ဦးမြင့်ဦးနှင့် ကော်မတီဝင်များနှင့် စည်ပင်သာယာ အကြံပေးဒေါက်တာလှကြွယ်
တို့ တက်ရောက် ခဲ့ကြသည်။
တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လူငယ်ကဏ္ဍ တာဝန်ခံ ဦးမိုးသက်က တာဝန်ပေးအပ်ရခြင်း၏ ရည်ရွယ် ချက်ကို ပြောကြားပြီးနောက် အလှူတော် ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများ အပြန်အလှန်ပေးအပ်ခဲ့ကာ မြို့နယ်အတွင်းရေးမှူး ဦးမြင့်ဦး က ပါတီတာဝန်ပေး အပ်သည့် အထိမ်းအမှတ်အဖြစ် လူငယ်အလံပေးအပ်ခဲ့သည်။
မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဘက်စုံပြုပြင်မွမ်းမံရန် စည်ပင်သာယာအကြံပေး ဒေါက်တာလှကြွယ်- သုဓမ္မ သိင်္ဂိ ဒေါ်အေးအေးအောင် တို့က ငွေကျပ် ၃၀၈၀၀၀၊ မြို့နယ်လူငယ်အကြံပေး ဒေါက်တာ သိန်းထွန်းနိုင်နှင့် ဇနီးတို့က ငွေကျပ်တစ်သိန်း၊ မြို့နယ်လူငယ်အကြံပေး ဦးအောင်ကြီးနှင့် ဇနီးတို့က ငွေကျပ် ၅၀၀၀၀၊ ချမ်းမြ သာစည်မြို့နယ် ကော်မတီဝင်များက ငွေကျပ် ခုနှစ်သိန်း၊ မြို့နယ် အထောက်အကူပြု အတွင်းရေးမှူး ဦးဇော်ဝင်းနှင့် ဇနီးတို့က ငွေကျပ် ၁၅၀၀၀၀၊ မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ညိုနှင့် ဇနီးတို့က ငွေကျပ် တစ်သိန်း၊ ဦးအောင်သိုက်နှင့် ဇနီးတို့က ငွေကျပ် ၁၅၀၀၀၀၊ မြို့သစ် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ဇနီးတို့က ငွေကျပ် ၅၀၀၀၀ စုစုပေါင်း ငွေကျပ် ၁၈၃၃၀၀၀ ကို ပေးအပ် ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment