Wednesday, July 2, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ထုံးဘိုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း သူရဆောင် ဖွင့်ပွဲ တက်ရောက် အားပေး







ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေ သကြီး တာဝန်ခံ) သူရဦးအေးမြင့် သည် ဇွန်လ ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် ၀က်လက်မြို့နယ် ရှားပွဲအုပ်စု ထုံးဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်း သူရကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး အမှာ စကား ပြောကြားကာ သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ၀က်လက် မြို့နယ်များမှ ပါတီကော်မတီဝင်များ၊ လွှတ်တော် ကိုယ် စားလှယ်များ၊ စန်းမြရောင်ခြည် သင်္ကန်းတိုက်ပိုင်ရှင် ဦးဇော်မင်းဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များ စုစုပေါင်း အင်အား ၄၀၀ ကျော် တက်ရောက်ကြသည်။

ထုံးဘိုကျေးရွာမှ သူရကျောင်းဆောင်သည် အလျားပေ ၁၂၀၊ အနံပေ ၃၀ အုတ်ညှပ်တစ်ထပ် အဆောက် အအုံဖြစ်သည်။ နိုင်ငံတော်ဘတ်ဂျက်ချထားငွေ ကျပ် ၂၈၈ သိန်းနှင့် ဒေသခံပြည်သူများ လှူဒါန်းငွေ ကျပ် သိန်း ၃၀ ဖြင့် စုစုပေါင်း ငွေကျပ် ၃၁၈ သိန်း အကုန်အကျခံ တည်ဆောက်ထားပြီး မူလတန်း အဆင့် ကျောင်းသူ ၁၉၃ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top