စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ အားလုံးကို စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဘက်ပေါင်းစုံမှ ကူညီ ပေးသွားမည်
စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူး ဦးသက်ထွန်း၊ ပထမအတွင်းဝန် (ကောင်စစ် တာဝန် ခံ)
ဒေါ်ထွေးထိပ်တင်လွင်နှင့် တတိယ အတွင်းဝန် ဦးမြတ်ညီညီဝင်း တို့သည် ဇူလိုင် ၁
ရက်က စင်ကာပူမြို့ရှိ Bukit Timah Shopping Centre ရှိ မြန်မာ
အိမ်အကူများရှိရာ အေဂျင်စီများကို သွားရောက် တွေ့ဆုံပြီး စုံစမ်း
မေးမြန်းခဲ့ကြောင်း သိရသည်။
သံမှူး ဦးသက်ထွန်းနှင့် အဖွဲ့သည်
Ministry of Manpower မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ ဆုံ
ဆွေးနွေးသွားရန် ရှိကြောင်း၊ ထိုသို့ သွားရောက်တွေ့ဆုံလျှင် အေဂျင်စီများ၏
လုပ်ဆောင်မှုများ၊ သရုပ်ပြသ ခြင်းများသည် လူသားတစ်ဦး၏ ဂုဏ်သိက္ခာ ကျဆင်း
စေနိုင်ကြောင်းဖြင့် ထည့် သွင်းဆွေးနွေး ပြော ကြား သွား မည်ဟု သိရသည်။
အလားတူ နိုင်ငံခြားရေး ဝန်ကြီးဌာန
အနေဖြင့်လည်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးနှင့်
ဆက်သွယ်၍ အဆိုပါ ကိစ္စအား ဆောင်ရွက်နေကြောင်း သိရသည်။
စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ
သံရုံးမှ တာဝန်ရှိသူများ အနေဖြင့် အိမ်အကူ လုပ်သားအဖြစ် အလုပ် လုပ်ကိုင်ရန်
စင်ကာပူနိုင်ငံသို့ နည်းလမ်းအမျိုးမျိုး၊ နေထိုင်ခွင့်
ပုံစံအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာ အမျိုးသမီးငယ်များ အပါအဝင်
မြန်မာနိုင်ငံသားများအား ဥပဒေ ဘောင်အတွင်းမှ အလုပ်သမား အခွင့်အရေး အပြည့်အဝ
ရရှိရန်နှင့် နိုင်ငံသားများအား ဘက်ပေါင်းစုံမှ ကူညီ ဆောင်ရွက် ပေးသွား မည်
ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။
No comments:
Post a Comment